Monday, August 25, 2008

စိတ်ဖိစီးမူ

စိတ်ဖိစီးမူ လွန်ကဲရသည့် အဓိကအချက်တစ်ခုမှာ မပြတ်သားခြင်းဖြစ်သည်။ ဦးတည်ချက် မရေရာသူများမှာ နေရာတကပင် မပြတ်သား ချီတုံ ချတုံ အများသဘော အများလက်ခံမည့် ပုံစံအတိုင်း လိုက်လုပ်၍ လုပ်မိတတ်ကြသည်။ ဦးတည်ချက် မခိုင်မာသူများမှာ မရေရာ မသေချာ နေ့တိုင်းကျင်လည်ရင်း စိတ်ဖိစီးမူဒဏ်ကို သူတစ်ယောက်တည်း ခံနေရတတ်ပေသည်။ အချို့လူများတွင် စိတ်ဖိစီးမူ လွန်ကဲရသည့် အကြောင်းတစ်ခုမှာ အရေပါးလွန်းခြင်း အထနကောက်တတ်လွန်းခြင်း ဖြစ်သည်။ သူတစ်ပါးက အမှတ်တမဲ့ ပြောလိုက်သည့် စကားတစ်လုံးကို ဆွဲဆန့်ကာ ကြိတ်မနှိင် ခဲမရ ဖြစ်တတ်သူ တစ်ဖက်သူ၏ အမူအရာမှာ မိမိကို မလေးစားသည့် အရိပ်အရောင် ရိုးတိုး ရိပ်တိပ် ပါသည်ထင်လျှင်ပင် မခံချိ မခံသာ ဖြစ်တတ်သူ သည်လိုမျိုးတွေမှာ လူ့လောကတွင် ကျင်လည်နေသည့် တစ်လျှောက် စိတ်ချမ်းသာချိန် အလွန်နည်းပါး နေမှာ သေချာသည်။

Thursday, August 21, 2008

ကိုယ်မှန်တယ်လို့ ဘယ်တော့မှ မပြောပါနဲ့

တခြားလူကို ကျုပ်မှန်တယ်ဆိုတာ အကြောင်းအကျိုးပြဖို့ ဘယ်တော့မျှ မကြိုးစားပါနဲ့။ လူ့သဘောက သူမှန်တယ်လို့ အတင်းပဲပြောတဲ့သူကို ကန့်ကွက်ချင်ကြတယ်။ ပြောမယ့်ပြောရင်လည်း ကိုယ်မှားတယ် ဆိုတာကို အကြောင်း အကျိုးပြတဲ့ အဆိုပြုချက်တွေကို ပေးဖို့ အမြဲ ကြိုးစားပါ။ အဲ့ဒီချဉ်းကပ်နည်းကို သုံးရင် ကိုယ့်အဆိုမှန်တယ် ဆိုတာသေချာရင်တော့ ကိုယ်ကကိုယ့်အဆိုကို သဘောပေါက် လက်ခံစေချင်သူက ကိုယ့်ဘက်ကနေပြီး ကိုယ့်ရပ်တည်မူ မှန်တဲ့အကြောင်းသူရော လူတွေရော လက်ခံအောင် ခိုင်လုံတဲ့ သက်သေ အထောက်အထား တွေ ဖော်ထုတ်ပြလိမ့်မယ်။

Wednesday, August 20, 2008

ပြောင်းလဲနေသော

လောကကြီးမှာ လူတိုင်း သူ့သဘောနဲ့သူ ရပ်တည်နှိင်ကြသည်ပဲ။ လူ့စိတ်ဆိုသည်က မတည်ငြိမ် အမြဲပြောင်းလဲ နေတတ်သည်။ မနေ့က ကြည်ဖြုသူလည်း သည်ကနေ့တစ်မျိုး တစ်မည် ဖြစ်နှိင်သည်။ မနက်ဖြန် ကျတော့ သဘော တွေအရမ်းကောင်းချင် ကောင်းနေဦးမည်။ စသည်ဖြင့် စဉ်းစားနားလည်ကာ သူ့ဘက်က ကိစ္စကို အလေးထား မနေပဲ မိမိဘက်က အပြုသဘောဆောင်သော ဆက်ဆံမူ အကောင်းဘက်ကို မျှော်လင့်သော စိတ်ထားတို့ဖြင့်သာ တစ်သမတ်တည်း သွားနှိင်အောင် ကြိုးစားမည်ဆိုက ရေရှည်တွင် တစ်ဖက်သားတို့ ထံမှ ခင်မင်မူ ယုံကြည်မူ အပြုသဘောဆောင်သည့် တုံ့ပြန်မူများ မုချရရှိလာမည်ဖြစ်သည်။

Sunday, August 17, 2008

တာဝန်ယူခြင်း

တာဝန်ယူခြင်း ဆိုတဲ့စကားလုံးဟာ လုပ်ငန်းခွင်မှာ တင်မကပါဘူး။ အခြားလူ့အဖွဲ့အစည်း အားလုံးအတွက် အလွန်ရေးပါတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ (တာဝန်ယူရမှာပေါ့)ဆိုတဲ့ စကားကိုနူတ်ဖျားက လွယ်လင့်တကူ ပြောကြပေမဲ့ တကယ့်လက်တွေ့မှာတော့ တွန့်ဆုတ်နေတတ်ကြတယ်။ တချို့ကြပြန်တော့လဲ တာဝန်ယူခဲ့ရဲ့လား ဆိုတဲ့ မိမိကိုယ်မိမိ ပြန်လည် သုံးသပ်ဖို့ မေ့လျော့ နေတတ်ပြန်တယ်။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်နေသလို မဖြစ်အောင်လဲ တစ်ဦးမှတစ်ရာ ဆိုသလို ကြိုးစား ပြင်ဆင်သွား ရမှာဖြစ်ပါတယ်။
ဝန်ထမ်းတစ်ဦးစီတိုင်းမှာ သူ့အဆင့်နဲ့ သူ့တာဝန်တွေဟာ ဒွန်တွဲပါပြီးသား ဖြစ်တဲ့အတွက် ကြီးလေးတဲ့တာဝန် ပေါ့တဲ့တာဝန်ပါ ဆိုပြီး ခွဲခြားပြောဆိုဖို့ တော်တော်ခက်ခဲပါတယ်။
ဥပမာ အုပ်ချုပ်ရေးမူးမို့ တာဝန်ပိုကြီးတယ်။ ယာဉ်မောင်းမို့ တာဝန်ပေါ့တယ် ဆိုပြီး တိုင်းတာလို့ မရပါဘူး။ သူ့တာဝန်နဲ့သူ အချိန်တစ်ပြေးညီ ဟန်ချက်မပျက် တာဝန် ယူနေကြတဲ့ လူတွေချည်းပဲဖြစ်တယ်။ အုပ်ချုပ်ရေးမူး တွေရဲ့လက်ထဲမှာ company နဲ့ဝန်ထမ်း များရဲ့ အနာဂတ် ရှိသလို ယာဉ်မောင်းတွေရဲ့ လက်ထဲမှာ ယာဉ်စီးနင်း လိုက်ပါသူတွေရဲ့ အသက်ပေါင်းများစွာ ရှိနေပါတယ်။ ဒီအချက်ကို သုံးသပ်ကြည့် လိုက်တာနဲ့ (တာဝန်ပေါ့တယ်) (တာဝန်ကြီးတယ်) ဆိုတာမျိုး မရှိသင့်ဘဲ တာဝန်ဆိုတဲ့ အသိသာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

Friday, August 15, 2008

ကိုယ့်ကိုယ်ကိုသိပ်ပြီး မယုယပါနဲ့

ကိုယ့်ကိုယ်ကို သိပ်ပြီးမယုယပါနဲ့။
ကိုယ့်ကိုယ်ကို သိပ်မသနားပါနဲ့။ ဘ၀ရဲ့တိုးတတ်မူ အတွက် ဘာမှ အထောက်အကူ မပြုပါဘူး။ သူတစ်ပါးကိုလဲ မုန်းတီးတာ အပြစ်တင် ဝေဖန်တာတွေ မလုပ်ပါနဲ့။ ပိုပြီးစိတ် အနှောင့်ယှက် ဖြစ်ရလိမ့်မယ်။ ကိုယ့်ကိုယ်ကို သိပ်ညှာလွန်းတာဟာ ကိုယ့်စိတ်ကိုယ် နွံ့ထဲနှစ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။
ကိုယ့်ကိုယ်ကို သာမန်လူတစ်ယောက်လို သဘောထားပါ။
ကိုယ့်ကိုယ်ကို အရာရာနှံ့စပ် ကျွမ်းကျင်သူ ပညာရှိကြီးလို သဘောမထားပါနဲ့။ ဘာလုပ်လုပ် မှားမှာကြောက်ပြီး အစိုးရိမ် မလွန်ပါနှင့်။ မှားဖူးခဲ့တဲ့ အမှားအတွက်လဲ နောင်တတွေ တစ်လှေကြီးနဲ့ ရှေ့ဆက်လို့ မရအောင် ယူကျုံးမရ အပူလုံး ကြွမနေပါနဲ့။ အောင်မြင်တာတွေ ကိုပဲစဉ်းစားဂုဏ်ယူ လိုက်စမ်းပါ။
ဖြစ်ဦးမှာလား ဖြစ်နှိင်တာလား၊ ဖြစ်ချင်မှဖြစ်မှာလား။
တစ်ခါဖြစ်ဖူးလို့ နောက်ထပ် ရင်ဆိုင်ရဦးမယ်လို့ သိပ်အတွေး မပိုပါနှင့်။ စိုးရိမ်မူတွေထဲက ဖြစ်ဖူးသမျှဟာ ထင်သလို ဖြစ်ချင်မှ ဖြစ်တာပါ။ မဖြစ်တာများပါတယ်။
ဘယ်လောက်များဒုက္ခ ပေးနှိင်တာမို့လဲ။
ဘယ်ဒုက္ခမှာ ကြိုတင်စဉ်းစား ထားသလောက် ရင်မဆိုင်ရတတ်ပါ။ ပြီးတော့လဲ ပြီးသွားတာပါပဲ။
ဒါဆိုဘယ်လိုလုပ်မလဲ။
ခါတိုင်းလိုပဲ ဆက်လုပ်ပါ။ ကိုယ်ထင်သလို ဖြစ်မနေတာက များပါတယ်။ ဘာအခက်အခဲမှ ကိုယ်ထင်သလောက် ဒုက္ခမပေးနှိင်ပါဘူး။

Thursday, August 14, 2008

မိတ်သင်္ဂဟ

မိတ်ဆွေကောင်း တစ်ယောက်ရခြင်းသည် ဘုရားသခင်ပေးသော ဥစ္စာများတွင် အသန့်ရှင်းဆုံး ဖြစ်သည်။ ယင်းသည် မည်သည်နှင့်မျှ ဖလှယ်၍မရသော မေတ္တာမျိုးဖြစ်သည်။ ယင်းသည် မိသားစု ဖြစ်သဖြင့် ချစ်ခင်ရသည် ဟူသော အစဉ်အလာ အမွေသဘောမျိုး ဖြင့်ရသော မေတ္တာမဟုတ်ပေ။ မိမိ၏သား သမီး ဖြစ်သဖြင့် မေတ္တာ ထားရမည်သာ ဖြစ်သည် ဟူသော အတင်းတိုက်တွန်း၍ ဖြစ်ရသော မေတ္တာမျိုးလည်း မဟုတ်ပေ။ အိမ်ထောင်ဖက် ဖြစ်သဖြင့် ကာမဂုဏ်ကို အကြောင်းပြု၍ ဖြစ်ရသော မေတ္တာလည်း မဟုတ်ပေ။ ထို့ကြောင့်ပင် ယင်းမိတ်သင်္ဂဟ မေတ္တာသည် အခြားချစ်မေတ္တာများ ထက်ပို၍ နက်နဲသော စေတနာပါသည့် ဖော်ပြခြင်းငှာ မစွမ်းသာသော သံယောဇဉ် နှောင်ကြိုး ဖြစ်ပေသည်။
ရုပ်ရှင်မင်းသမီး ဖရန်စီးစ်-ဖားမား

Tuesday, August 12, 2008

တန်ဖိုးကြီးလွန်းတဲ့ သောက

သောကသည် သင်အလုပ်အားချိန်၌ သင့်ကိုဝင်၍ စီးတတ်သည်။ သင့်အတွေးသည် သင့်အားလပ်ချိန်၌ ရောက်တတ်ရာရာကို တွေး၍မဖြစ်နှိင်သည်ကို အကြီးအကျယ်ဖြစ်အောင် ချဲ့ထွင်တတ်သည်။ အရေးမကြီးသော ချွတ်ယွင်းချက်များကို တွေ့လျှင်မြင်းမိုရ်တောင် ဖြစ်အောင်လုပ် လိုက်တတ်သည်။ စိတ်သည် မော်တော်စက် ကဲ့သို့မရပ်မနား ခုတ်မောင်းနေသောကြောင့် စိတ်ကိုအားလပ်ခွင့်ပေး၍ မရနှိင်။ တစ်ခုခုအကျိုးဖြစ်ထွန်းမည့် အလုပ်မျိုး၌ ၀င်စားအောင်စိတ်ကို အလုပ်ပေးထားရမည်။ ရှေးခေတ် တရုတ်ပြည်တွင် လူအများကို ညှင်းဆဲ၍ သတ်သည့် နည်းအမျိုးမျိုး ရှိရာတစ်နည်းမှာကား သတ်လိုသူအား တိုင်တွင်လက်ပြန်ကြိုး တုပ်၍ချည်ထားပြီးလျှင် ခေါင်းပေါ်ကို ရေးအိုးမှရေတစ်ပေါက်တစ်ပေါက် ကျစေသည်။ ရေတစ်ပေါက်ကျရုံနှင့် မမူလောက်ဟု ပထမ၌ အောက်မေ့ရသော်လည်း တစ်ပေါက်တစ်ပေါက် ကျဖန်များသောအခါ၌မူ ရေပေါက်တစ်ပေါက်မှာ တင်းပုတ်ကြီးနှင့် နှက်လိုက်သလို ဖြစ်ပြီးလျှင် ကြီးစွာသော ဒုက္ခကို ခံစားရလေတော့သည်။ ထိုနည်းတူပင် သောကသည် ပထမ၌ မမူလောက်ဟု အောက်မေ့လောက်အောင် သေးချင်သေးငယ်မည်။ သို့ရာတွင် သောက တစ်စိမ့်စမ့်ပွား လာသည့်အခါ၌မူ အလွန်ကြီးမားသော ဒဏ်ကိုခံရချေမည်။ ထို့ကြောင့် ရူးသူရူး ရောဂါစွဲသူစွဲနှင့် စိတ်ထောင်း ကိုယ်ကြေ သေရသည့် အခြေသို့ဆိုက်ရောက် ကြရလေတော့သည်။
  1. သောကနှင့်ကွေကွင်းလိုလျှင် တစ်နေ့စာပဲနေပါ။ နောင်ရေးကို တွေးပြီးလူးလှိမ့်မနေပါနှင့်။ မိုးလင်းက မိုးချုပ် အိပ်ယာဝင် အထိသာနေပါ။
  2. နောက်တစ်ခါများသင့်ထံသို့ ဒုက္ခက သောင်းကျန်းသူပမာ သေနတ်နှင့် တေ့၍ချောင်ပိတ်ပြီး နှံမည်ဆိုလျှင် သင့်ကိုသင်မေးကြည့်ပါ။
  3. သည်ကိစ္စမှာ ငါမအောင်မြင်ရင် နောက်ဆုံးဘယ်အခြေ အထိရောက်မှာတဲ့လဲ။
  4. အဆိုးဆုံးကိုစိတ်ထဲက လက်ခံကြည့်ပါ။ ဘာအရေးကြီးလဲ။ နောက်ဆုံးသည်ထက်တော့ မဆိုနှိင်ပါဘူးဟု ဆိုနှိင်ပါစေ။
  5. သည်လိုအဆိုးဆုံး အခြေကို လက်ခံနှိင်တဲ့ သတ္တိရှိပြီး အဲ့ဒီအခြေက ဘယ်ပုံတိုးတတ်အောင် ကြံဆောင် ရမည်ဆိုသည်ကို ခေါင်းအေးအေးနှင့် စဉ်းစားကြံဆောင်ပါ။
  6. သောကဆိုသည်မှာ အလွန်ဈေးကြီးသည်။ သောကကိုငွေနှင့် ၀ယ်မရ။ ဥစ္စာအပေါင်းတို့ထက် အဖိုးတန်သော ကျန်းမာရေးနှင့် ၀ယ်ယူရသည်။

အခွင့် အရေး

ကမ္ကာလောကသည် သင့်အားဘာကိုမျှ အသားလွတ်ပေးမည်မဟုတ်။ ဘယ်သူကမျှ သင့်ဆီလာပြီး အသာပုခုံး ပုတ်ကာ(ရော့ ယှူဗျာအခွင့်အရေး) တွေဟု ပေးမည်မဟုတ်။ ပုခုံးပုတ်၍ လှည့်အကြည့်တွင် မျက်နှာကို လက်သီးပြင်းပြင်းနှင့် ထိုးထည့်လိုက်ခြင်းမျိုးသာ သင်ခံချင်ခံရပေလိမ့်မည်။ အလကားရနှိင်တာ ဒါမျိုးပဲရှိသည်။ ဒါကိုလူအများကလည်း သိကြပါသည်။ ဒါကိုသိလျက်နှင့် သူတို့ဘယ်လိုတွေးကြသနည်း။ ဘယ်သူကမျှ ငါ့ကိုမကူညီ ကြဘူးဆိုလျှင် ငါဘယ်မှာအောင်မြင် နှိင်ပါ့မလဲဟူ၍ပဲ တွေးသည် မှားပြန်ပါပြီ။ မည်သူကမျှ သင့်ထံလာပြီး အခွင့်အရေးတွေ မပေးဘူးဆိုတော့ကော ဘာဖြစ်သနည်း။ သင့်အားအောင်မြင်သူ တစ်ဦးဘ၀သို့ ရောက်ရှိအောင် မောင်းနှင်ပေးမည့် စွမ်းအားများ သင့်ကိုယ်ထဲမှာ အပြည့်ရှိနေသည်။ သင့်၌လိုအပ်နေသည်မှာ သင်သည်လောက၌ ထိုက်တန်သောတစ်နေရာ ကိုရပိုင်ခွင့်ရှိသည် ဟူသောယုံကြည်ချက်နှင့် ထိုအရာကို ရအောင်ယူမည် ဟူသောခိုင်မာသည့် ဆုံးဖြတ်ချက်တို့သာဖြစ်သည်။

Wednesday, August 6, 2008

တရားမျှတခြင်း

တရားမျှတမူ၏ ဆန့်ကျင်ဘက်မှာ မတရားခြင်း မမျှတခြင်းဖြစ်ပါသည်။ လောကတွင် တရားခြင်းမတရားခြင်း တို့သည် နေရာတကာတွင် ရှိပါသည်။ မိမိအိမ်တွင်လည်း ရှိသည်။မိမိပတ်ဝန်းကျင်တွင်လည်း ရှိသည်။တရားမူနှင့် မတရားမူတို့မှာ ကမ္ကာကြီးကျယ်သလောက် ပေါများကျယ်ပြန့်သောအရာများ ဖြစ်ကြသည်။ တရားမျှတမူအကြောင်း ကိုသိလိုက မတရားမူနှင့်နိုင်းယှဉ်ကြည့် သောအခါ ပိုပြီးထင်ရှားမြင်သာလှပါသည်။ မိမိအိမ်နီးချင်းများကို ကြည့်ပါ။ မိသားစုအပေါ်မျှမျှတတသဘောထား ပြည့်ဝစွာဖြင့် ဦးဆောင်နေသောတရားမျှတသော အိမ်ထောင်ဦးစီး ရှိသလို မိသားစုအပေါ်မိသားစုစိတ်ဓာတ် မထားနှိင်ပဲ ခြယ်လှယ်စိုးမိုး အနှိင်ကျင့်လိုသောအိမ်ထောင်ဦးစီးမျိုးလည်း ရှိပါသည်။တရားမျှတသောအိမ်ထောင်ရေးသည် သာယာစိုပြေပြီးသီရိဂေဟာ ဖြစ်နေပြီး၊တရားမျှမူမရှိသော အိမ်ထောင်စုမှာမူအိမ်ထောင်ရေး သုခမရှိပဲ ဆင်းရဲဒုက္ခရောက်နေမည်သာ ဖြစ်သည်။ထိန်းသိမ်းကွပ်ကဲပေးခြင်း ဥပဒေပြဋ္ဌာန်းလိုက်နာခြင်းထက် အသိစိတ်ဓာတ် အသိပညာသဘောထား ပြည့်ဝမူ၊နားလည်မူတို့ဖြင့် လိုက်နာစေခြင်းကပိုပြီး ခိုင်မြဲပြီး တာရှည်ခံပါသည်။ အကြောက်တရားဖြင့် လိုက်နာစေခြင်းထက် အသိတရားဖြင့်လိုက်နာစေခြင်း ကပိုပြီးတန်ဖိုး ရှိပါသည်။

Tuesday, August 5, 2008

လောကမှာမိတ်ဆွေသုံးမျိုးရှိတယ်

လောကမှာ မိတ်ဆွေသုံးမျိုး ရှိတယ်တဲ့။ ပထမမိတ်ဆွေအမျိုးအစားကကိုယ့်ကိုချစ်တဲ့သူ၊
ဒုတိယမိတ်ဆွေအမျိုးအစားကကိုယ့်ကိုမုန်းတဲ့သူ၊ တတိယမိတ်ဆွေ အမျိုးအစားက
ကိုယ့်ကိုဥပက္ခာ ထားတတ်တဲ့သူ၊ အဲ့ဒီမိတ်ဆွေသုံးမျိုးရှိတယ်တဲ့။ ကိုယ့်ကိုချစ်တဲ့သူ
မျိုးန့ဲတွေ့ကြုံဆုံဆည်းရရင်တော့ နှလုံးစိတ်ဝမ်း ချမ်းမြေ့ရတာပေါ့တဲ့။ ကိုယ့်ကိုမုန်းတဲ့
သူမျိုးနဲ့တွေ့တော့လည်း ကိုယ်ဟာ သတိရှိတဲ့သူ၊ သတိမြဲမြံသူဖြစ်လာတယ်။
ဘာကြောင့်ဆိုတော့ ကိုယ့်ကိုမုန်းတဲ့သူဆိုတာကိုယ့်အားနည်းချက်၊ချွတ်ယွင်းချက် ကိုအမြဲကြည့်နေတတ်တယ် ဆိုတော့ကိုယ်က အမြဲသတိထားနေရတယ်။
သတိထားရင်း သတိရှိတဲ့သူဖြစ်လာရတာပဲတဲ့။ ကိုယ့်ကိုဥပက္ခာပြုထားတဲ့ သူမျိုးနဲ့
တွေ့ကြုံတဲ့အခါ ကိုယ့်ကိုယ်ကိုအားကိုးတတ်သူ ဖြစ်လာတတ်တယ်တဲ့။
ဟုတ်တာပေါ့ ကိုယ့်ကိုရိုင်းပင်းကူညီ စောင့်ရှောက်တတ်သူမဟုတ်တော့ သူလိုလူမျိုးကို
ဘာမှမျှော်လင့်ချက်ထားလို့မရဘူး။ကိုယ့်ကိုယ်ကိုပဲအားကိုးပြီးကြိုးစားလုပ်ဆောင်ရတာပဲ
ဘာဖြစ်ဖြစ်အဲ့ဒီမိတ်ဆွေသုံးမျိုး၊ အမျိုးအစားအားလုံးကို ကျေးဇူးတင်ပါတယ်တဲ့။
သူပြောတာတွေကိုတစ်ကယ်သဘောကျတယ်။စိတ်ထား၊ထားတတ်ရင်လောကမှာ
ဘယ်လိုလူမျိုးနဲ့တွေ့တွေ့ကိုယ့်အတွက်အကျိုးရှိတာချည်းပဲလေ။

ချစ်ခြင်း မုန်းခြင်း

ချစ်ခြင်းမုန်းခြင်းဟာလူ့သဘာဝပဲလူတွေကကိုယ့်ကိုချစ်အောင်တမင်လုပ်လို့မရသလို လူတွေမုန်းအောင်လည်းတမင်လုပ်လို့မရဘူး။လူတွေမုန်းအောင်အရက်ပုလင်းကိုင်ပြီး လမ်းပေါ်အော်ဆဲနေတာတောင်မှသနားချစ်ကလေးနဲ့ချစ်နေသူရှိနေတတ်သေးတယ်။ လူတွေချစ်အောင်ဆိုပြီးကိုယ်ရှိတဲ့ပိုက်ဆံနဲ့တွေ့တဲ့သူဝယ်ကျွေးပြီးပေါင်းတာတောင်မှ (ငအငပေါ)လို့အပြောခံချင်ခံရမှာဒီတော့လူတွေချစ်အောင်လည်းတမင်မလုပ်နဲ့လူတွေ မုန်းအောင်လည်းမလုပ်နဲ့ချစ်ခြင်း၊မုန်းခြင်းဟာလူ့သဘာဝမို့ဒီကစ္စကိုခေါင်းထဲမှာလည်း ထည့်မထားနဲ့
ွံင်္ီ