Sunday, August 17, 2008

တာဝန်ယူခြင်း

တာဝန်ယူခြင်း ဆိုတဲ့စကားလုံးဟာ လုပ်ငန်းခွင်မှာ တင်မကပါဘူး။ အခြားလူ့အဖွဲ့အစည်း အားလုံးအတွက် အလွန်ရေးပါတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ (တာဝန်ယူရမှာပေါ့)ဆိုတဲ့ စကားကိုနူတ်ဖျားက လွယ်လင့်တကူ ပြောကြပေမဲ့ တကယ့်လက်တွေ့မှာတော့ တွန့်ဆုတ်နေတတ်ကြတယ်။ တချို့ကြပြန်တော့လဲ တာဝန်ယူခဲ့ရဲ့လား ဆိုတဲ့ မိမိကိုယ်မိမိ ပြန်လည် သုံးသပ်ဖို့ မေ့လျော့ နေတတ်ပြန်တယ်။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်နေသလို မဖြစ်အောင်လဲ တစ်ဦးမှတစ်ရာ ဆိုသလို ကြိုးစား ပြင်ဆင်သွား ရမှာဖြစ်ပါတယ်။
ဝန်ထမ်းတစ်ဦးစီတိုင်းမှာ သူ့အဆင့်နဲ့ သူ့တာဝန်တွေဟာ ဒွန်တွဲပါပြီးသား ဖြစ်တဲ့အတွက် ကြီးလေးတဲ့တာဝန် ပေါ့တဲ့တာဝန်ပါ ဆိုပြီး ခွဲခြားပြောဆိုဖို့ တော်တော်ခက်ခဲပါတယ်။
ဥပမာ အုပ်ချုပ်ရေးမူးမို့ တာဝန်ပိုကြီးတယ်။ ယာဉ်မောင်းမို့ တာဝန်ပေါ့တယ် ဆိုပြီး တိုင်းတာလို့ မရပါဘူး။ သူ့တာဝန်နဲ့သူ အချိန်တစ်ပြေးညီ ဟန်ချက်မပျက် တာဝန် ယူနေကြတဲ့ လူတွေချည်းပဲဖြစ်တယ်။ အုပ်ချုပ်ရေးမူး တွေရဲ့လက်ထဲမှာ company နဲ့ဝန်ထမ်း များရဲ့ အနာဂတ် ရှိသလို ယာဉ်မောင်းတွေရဲ့ လက်ထဲမှာ ယာဉ်စီးနင်း လိုက်ပါသူတွေရဲ့ အသက်ပေါင်းများစွာ ရှိနေပါတယ်။ ဒီအချက်ကို သုံးသပ်ကြည့် လိုက်တာနဲ့ (တာဝန်ပေါ့တယ်) (တာဝန်ကြီးတယ်) ဆိုတာမျိုး မရှိသင့်ဘဲ တာဝန်ဆိုတဲ့ အသိသာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

No comments:

Post a Comment