Tuesday, August 12, 2008

တန်ဖိုးကြီးလွန်းတဲ့ သောက

သောကသည် သင်အလုပ်အားချိန်၌ သင့်ကိုဝင်၍ စီးတတ်သည်။ သင့်အတွေးသည် သင့်အားလပ်ချိန်၌ ရောက်တတ်ရာရာကို တွေး၍မဖြစ်နှိင်သည်ကို အကြီးအကျယ်ဖြစ်အောင် ချဲ့ထွင်တတ်သည်။ အရေးမကြီးသော ချွတ်ယွင်းချက်များကို တွေ့လျှင်မြင်းမိုရ်တောင် ဖြစ်အောင်လုပ် လိုက်တတ်သည်။ စိတ်သည် မော်တော်စက် ကဲ့သို့မရပ်မနား ခုတ်မောင်းနေသောကြောင့် စိတ်ကိုအားလပ်ခွင့်ပေး၍ မရနှိင်။ တစ်ခုခုအကျိုးဖြစ်ထွန်းမည့် အလုပ်မျိုး၌ ၀င်စားအောင်စိတ်ကို အလုပ်ပေးထားရမည်။ ရှေးခေတ် တရုတ်ပြည်တွင် လူအများကို ညှင်းဆဲ၍ သတ်သည့် နည်းအမျိုးမျိုး ရှိရာတစ်နည်းမှာကား သတ်လိုသူအား တိုင်တွင်လက်ပြန်ကြိုး တုပ်၍ချည်ထားပြီးလျှင် ခေါင်းပေါ်ကို ရေးအိုးမှရေတစ်ပေါက်တစ်ပေါက် ကျစေသည်။ ရေတစ်ပေါက်ကျရုံနှင့် မမူလောက်ဟု ပထမ၌ အောက်မေ့ရသော်လည်း တစ်ပေါက်တစ်ပေါက် ကျဖန်များသောအခါ၌မူ ရေပေါက်တစ်ပေါက်မှာ တင်းပုတ်ကြီးနှင့် နှက်လိုက်သလို ဖြစ်ပြီးလျှင် ကြီးစွာသော ဒုက္ခကို ခံစားရလေတော့သည်။ ထိုနည်းတူပင် သောကသည် ပထမ၌ မမူလောက်ဟု အောက်မေ့လောက်အောင် သေးချင်သေးငယ်မည်။ သို့ရာတွင် သောက တစ်စိမ့်စမ့်ပွား လာသည့်အခါ၌မူ အလွန်ကြီးမားသော ဒဏ်ကိုခံရချေမည်။ ထို့ကြောင့် ရူးသူရူး ရောဂါစွဲသူစွဲနှင့် စိတ်ထောင်း ကိုယ်ကြေ သေရသည့် အခြေသို့ဆိုက်ရောက် ကြရလေတော့သည်။
  1. သောကနှင့်ကွေကွင်းလိုလျှင် တစ်နေ့စာပဲနေပါ။ နောင်ရေးကို တွေးပြီးလူးလှိမ့်မနေပါနှင့်။ မိုးလင်းက မိုးချုပ် အိပ်ယာဝင် အထိသာနေပါ။
  2. နောက်တစ်ခါများသင့်ထံသို့ ဒုက္ခက သောင်းကျန်းသူပမာ သေနတ်နှင့် တေ့၍ချောင်ပိတ်ပြီး နှံမည်ဆိုလျှင် သင့်ကိုသင်မေးကြည့်ပါ။
  3. သည်ကိစ္စမှာ ငါမအောင်မြင်ရင် နောက်ဆုံးဘယ်အခြေ အထိရောက်မှာတဲ့လဲ။
  4. အဆိုးဆုံးကိုစိတ်ထဲက လက်ခံကြည့်ပါ။ ဘာအရေးကြီးလဲ။ နောက်ဆုံးသည်ထက်တော့ မဆိုနှိင်ပါဘူးဟု ဆိုနှိင်ပါစေ။
  5. သည်လိုအဆိုးဆုံး အခြေကို လက်ခံနှိင်တဲ့ သတ္တိရှိပြီး အဲ့ဒီအခြေက ဘယ်ပုံတိုးတတ်အောင် ကြံဆောင် ရမည်ဆိုသည်ကို ခေါင်းအေးအေးနှင့် စဉ်းစားကြံဆောင်ပါ။
  6. သောကဆိုသည်မှာ အလွန်ဈေးကြီးသည်။ သောကကိုငွေနှင့် ၀ယ်မရ။ ဥစ္စာအပေါင်းတို့ထက် အဖိုးတန်သော ကျန်းမာရေးနှင့် ၀ယ်ယူရသည်။

No comments:

Post a Comment