5 years ago
Monday, August 25, 2008
စိတ်ဖိစီးမူ
စိတ်ဖိစီးမူ လွန်ကဲရသည့် အဓိကအချက်တစ်ခုမှာ မပြတ်သားခြင်းဖြစ်သည်။ ဦးတည်ချက် မရေရာသူများမှာ နေရာတကပင် မပြတ်သား ချီတုံ ချတုံ အများသဘော အများလက်ခံမည့် ပုံစံအတိုင်း လိုက်လုပ်၍ လုပ်မိတတ်ကြသည်။ ဦးတည်ချက် မခိုင်မာသူများမှာ မရေရာ မသေချာ နေ့တိုင်းကျင်လည်ရင်း စိတ်ဖိစီးမူဒဏ်ကို သူတစ်ယောက်တည်း ခံနေရတတ်ပေသည်။ အချို့လူများတွင် စိတ်ဖိစီးမူ လွန်ကဲရသည့် အကြောင်းတစ်ခုမှာ အရေပါးလွန်းခြင်း အထနကောက်တတ်လွန်းခြင်း ဖြစ်သည်။ သူတစ်ပါးက အမှတ်တမဲ့ ပြောလိုက်သည့် စကားတစ်လုံးကို ဆွဲဆန့်ကာ ကြိတ်မနှိင် ခဲမရ ဖြစ်တတ်သူ တစ်ဖက်သူ၏ အမူအရာမှာ မိမိကို မလေးစားသည့် အရိပ်အရောင် ရိုးတိုး ရိပ်တိပ် ပါသည်ထင်လျှင်ပင် မခံချိ မခံသာ ဖြစ်တတ်သူ သည်လိုမျိုးတွေမှာ လူ့လောကတွင် ကျင်လည်နေသည့် တစ်လျှောက် စိတ်ချမ်းသာချိန် အလွန်နည်းပါး နေမှာ သေချာသည်။
Posted by နှင်းဆီဖြူ
YinTwinPhwintSaKar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment