Friday, August 15, 2008

ကိုယ့်ကိုယ်ကိုသိပ်ပြီး မယုယပါနဲ့

ကိုယ့်ကိုယ်ကို သိပ်ပြီးမယုယပါနဲ့။
ကိုယ့်ကိုယ်ကို သိပ်မသနားပါနဲ့။ ဘ၀ရဲ့တိုးတတ်မူ အတွက် ဘာမှ အထောက်အကူ မပြုပါဘူး။ သူတစ်ပါးကိုလဲ မုန်းတီးတာ အပြစ်တင် ဝေဖန်တာတွေ မလုပ်ပါနဲ့။ ပိုပြီးစိတ် အနှောင့်ယှက် ဖြစ်ရလိမ့်မယ်။ ကိုယ့်ကိုယ်ကို သိပ်ညှာလွန်းတာဟာ ကိုယ့်စိတ်ကိုယ် နွံ့ထဲနှစ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။
ကိုယ့်ကိုယ်ကို သာမန်လူတစ်ယောက်လို သဘောထားပါ။
ကိုယ့်ကိုယ်ကို အရာရာနှံ့စပ် ကျွမ်းကျင်သူ ပညာရှိကြီးလို သဘောမထားပါနဲ့။ ဘာလုပ်လုပ် မှားမှာကြောက်ပြီး အစိုးရိမ် မလွန်ပါနှင့်။ မှားဖူးခဲ့တဲ့ အမှားအတွက်လဲ နောင်တတွေ တစ်လှေကြီးနဲ့ ရှေ့ဆက်လို့ မရအောင် ယူကျုံးမရ အပူလုံး ကြွမနေပါနဲ့။ အောင်မြင်တာတွေ ကိုပဲစဉ်းစားဂုဏ်ယူ လိုက်စမ်းပါ။
ဖြစ်ဦးမှာလား ဖြစ်နှိင်တာလား၊ ဖြစ်ချင်မှဖြစ်မှာလား။
တစ်ခါဖြစ်ဖူးလို့ နောက်ထပ် ရင်ဆိုင်ရဦးမယ်လို့ သိပ်အတွေး မပိုပါနှင့်။ စိုးရိမ်မူတွေထဲက ဖြစ်ဖူးသမျှဟာ ထင်သလို ဖြစ်ချင်မှ ဖြစ်တာပါ။ မဖြစ်တာများပါတယ်။
ဘယ်လောက်များဒုက္ခ ပေးနှိင်တာမို့လဲ။
ဘယ်ဒုက္ခမှာ ကြိုတင်စဉ်းစား ထားသလောက် ရင်မဆိုင်ရတတ်ပါ။ ပြီးတော့လဲ ပြီးသွားတာပါပဲ။
ဒါဆိုဘယ်လိုလုပ်မလဲ။
ခါတိုင်းလိုပဲ ဆက်လုပ်ပါ။ ကိုယ်ထင်သလို ဖြစ်မနေတာက များပါတယ်။ ဘာအခက်အခဲမှ ကိုယ်ထင်သလောက် ဒုက္ခမပေးနှိင်ပါဘူး။

No comments:

Post a Comment