5 years ago
Wednesday, August 6, 2008
တရားမျှတခြင်း
တရားမျှတမူ၏ ဆန့်ကျင်ဘက်မှာ မတရားခြင်း မမျှတခြင်းဖြစ်ပါသည်။ လောကတွင် တရားခြင်းမတရားခြင်း တို့သည် နေရာတကာတွင် ရှိပါသည်။ မိမိအိမ်တွင်လည်း ရှိသည်။မိမိပတ်ဝန်းကျင်တွင်လည်း ရှိသည်။တရားမူနှင့် မတရားမူတို့မှာ ကမ္ကာကြီးကျယ်သလောက် ပေါများကျယ်ပြန့်သောအရာများ ဖြစ်ကြသည်။ တရားမျှတမူအကြောင်း ကိုသိလိုက မတရားမူနှင့်နိုင်းယှဉ်ကြည့် သောအခါ ပိုပြီးထင်ရှားမြင်သာလှပါသည်။ မိမိအိမ်နီးချင်းများကို ကြည့်ပါ။ မိသားစုအပေါ်မျှမျှတတသဘောထား ပြည့်ဝစွာဖြင့် ဦးဆောင်နေသောတရားမျှတသော အိမ်ထောင်ဦးစီး ရှိသလို မိသားစုအပေါ်မိသားစုစိတ်ဓာတ် မထားနှိင်ပဲ ခြယ်လှယ်စိုးမိုး အနှိင်ကျင့်လိုသောအိမ်ထောင်ဦးစီးမျိုးလည်း ရှိပါသည်။တရားမျှတသောအိမ်ထောင်ရေးသည် သာယာစိုပြေပြီးသီရိဂေဟာ ဖြစ်နေပြီး၊တရားမျှမူမရှိသော အိမ်ထောင်စုမှာမူအိမ်ထောင်ရေး သုခမရှိပဲ ဆင်းရဲဒုက္ခရောက်နေမည်သာ ဖြစ်သည်။ထိန်းသိမ်းကွပ်ကဲပေးခြင်း ဥပဒေပြဋ္ဌာန်းလိုက်နာခြင်းထက် အသိစိတ်ဓာတ် အသိပညာသဘောထား ပြည့်ဝမူ၊နားလည်မူတို့ဖြင့် လိုက်နာစေခြင်းကပိုပြီး ခိုင်မြဲပြီး တာရှည်ခံပါသည်။ အကြောက်တရားဖြင့် လိုက်နာစေခြင်းထက် အသိတရားဖြင့်လိုက်နာစေခြင်း ကပိုပြီးတန်ဖိုး ရှိပါသည်။
Posted by နှင်းဆီဖြူ
YinTwinPhwintSaKar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment