5 years ago
Tuesday, August 12, 2008
အခွင့် အရေး
ကမ္ကာလောကသည် သင့်အားဘာကိုမျှ အသားလွတ်ပေးမည်မဟုတ်။ ဘယ်သူကမျှ သင့်ဆီလာပြီး အသာပုခုံး ပုတ်ကာ(ရော့ ယှူဗျာအခွင့်အရေး) တွေဟု ပေးမည်မဟုတ်။ ပုခုံးပုတ်၍ လှည့်အကြည့်တွင် မျက်နှာကို လက်သီးပြင်းပြင်းနှင့် ထိုးထည့်လိုက်ခြင်းမျိုးသာ သင်ခံချင်ခံရပေလိမ့်မည်။ အလကားရနှိင်တာ ဒါမျိုးပဲရှိသည်။ ဒါကိုလူအများကလည်း သိကြပါသည်။ ဒါကိုသိလျက်နှင့် သူတို့ဘယ်လိုတွေးကြသနည်း။ ဘယ်သူကမျှ ငါ့ကိုမကူညီ ကြဘူးဆိုလျှင် ငါဘယ်မှာအောင်မြင် နှိင်ပါ့မလဲဟူ၍ပဲ တွေးသည် မှားပြန်ပါပြီ။ မည်သူကမျှ သင့်ထံလာပြီး အခွင့်အရေးတွေ မပေးဘူးဆိုတော့ကော ဘာဖြစ်သနည်း။ သင့်အားအောင်မြင်သူ တစ်ဦးဘ၀သို့ ရောက်ရှိအောင် မောင်းနှင်ပေးမည့် စွမ်းအားများ သင့်ကိုယ်ထဲမှာ အပြည့်ရှိနေသည်။ သင့်၌လိုအပ်နေသည်မှာ သင်သည်လောက၌ ထိုက်တန်သောတစ်နေရာ ကိုရပိုင်ခွင့်ရှိသည် ဟူသောယုံကြည်ချက်နှင့် ထိုအရာကို ရအောင်ယူမည် ဟူသောခိုင်မာသည့် ဆုံးဖြတ်ချက်တို့သာဖြစ်သည်။
Posted by နှင်းဆီဖြူ
YinTwinPhwintSaKar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment