Saturday, November 15, 2008

ဘ၀မှာ တစ်နေ့စာကလေး အကန့်လိုက်လုပ်ပြီး နေကြည့်စမ်းပါ။

ကျွန်တော်တို့တစ်တွေဟာ သဘေ`်ာကြီးတစ်စီးလို အံ့သြစရာကောင်းတဲ့ စက်ကိရိယာတွေလို ဖြစ်တယ်ဆိုတာ သိကြပါရဲ့လား။ သဘော`်ကြီးဟာ ရေလုံခန်းတွေ လုပ်ထားလို့ ခရီးရှည်ကို ဘေးကင်းကင်းနဲ့ သွားနှိင်သလို ကျွန်တော်တို့ တစ်တွေလဲ တစ်နေ့လုံအကန့် များထားလိုက်ရင် ဘ၀ခရီးကို ဘေးကင်းကင်း သွားနှိင်မယ်ဆိုတာ မှတ်သားစေချင်တယ်။ဘယ်လိုတစ်နေ့လုံ အကန့်များထားရမလဲဆိုရင် သဘော`်ကပ္ပတိန်ကြီး ခလုပ်နှိပ် လိုက်သလို မင်းတို့လဲ ခလုပ်နှိပ်ပြီး လွန်ခဲ့သော အတိတ်ကာလ တံခါးကို ပိတ်လိုက်ကြစမ်းပါ။ ပြီးတော့ နောက်ထပ် ခလုပ်နှိပ်ပြီး မရောက်သေးတဲ့ အနာဂါတ်ကာလ ဆိုတာကိုလဲ တံခါးပိတ်လိုက်ကြစမ်းပါ။ သေကြေ ပျက်စီး ရွေ့လျားသွားပြီဆိုတာ လူတိုင်းသိနေတဲ့ မနေ့ မနေ့ မနေ့ပေါင်းများစွာတို့ရယ် မပေါ်လာသေးဘူး မမွေးဖွား သေးဘူးဆိုတာ လူတိုင်းသိနေတဲ့ မနက်ဖြန် မနက်ဖြန် မနက်ဖြန်ပေါင်းများစွာတို့ရယ် အဲ့ဒါတွေဟာ မင်းတို့ ကျုပ်တို့နဲ့ မဆိုင်ဘူး။ ပြီးတာလဲ ပြီးပြီ မပြီးပါနဲ့လို့ မတားနှိင်ဘူး။ မဖြစ်သေးတာကိုလဲ ဘာဖြစ်မှန်း မသိသေးတော့ ဘယ်နှယ့်လုပ်ပြီး စိတ်မောနေဖို့ လိုမလဲ။ အဲ့ဒီတော့ကျုပ်တို့မှာ ဘာပဲကိုယ်ပိုင် ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့သလဲ။ ဒါကတော့တစ်ခြားမဟုတ်ဘူး။ သည်နေ့ ယနေ့ ယနေ့ ဆိုတာပဲပေါ့။ လူတွေနဲ့အသက်ဆိုင်ဆုံး မျက်မှောက် ပစ္စက္ခပါပဲ။ နောင်ရေးကိုတွေးပြီး ပူနေတဲ့သူဟာ အအိပ်ပျက် အစားပျက် အားအင်လျော့ပါးပြီး အလကားသက်သက် ဒုက္ခရောက်ရတယ်။ ဒါကြောင့် အတိတ်နဲ့ အနာဂါတ်တို့ကို အသာကလေး တံခါးပိတ်ပြီး တစ်ဘ၀မှာ တစ်နေ့စာ ကလေး အကန့်လိုက် လုပ်ပြီး နေကြစမ်းပါ။
ဆာသော့စကားဟောပြောချက်။

Thursday, November 13, 2008

လက်တွေ့

လူတွေစာဖတ်ကြတယ်။ စာတွေရွတ်သူရှိတယ်။ သိတယ်။ နားလည်တယ် သဘောပေါက်တယ်။ သို့ရာတွင် အကြောင်းအမျိုးမျိုးပြကာ သိသလို မလုပ်ကြသူများရှိသည်။ တရားပြသူ တရားဟောသူများ ရှိသည်။ (ခင်ဗျားရော ဒီလိုကျင့်ကြံပါသလား) ဟုမေးစရာမလိုပေ။ ကိုယ်ကကျင့်ရန်သာလိုသည်။ စာဖတ်ခြင်းမှာ သိအောင်ပြုခြင်းဖြစ်ပါသည်။ သိလျှင် သိသလိုလုပ်ကိုင်ရန်မှာ နောက်တစ်ဆင့် ဖြစ်သည်။ သိပြီးမလိုက်နာလျှင် သိရကျိုးလည်းမနပ်ပေ။ ဖတ်ရကျိုးလည်းမနပ်ပေ။ ပါးစပ်မှ တတွတ်တွတ် ရွက်ဆိုနှိင်ရုံဖြင့် မပြီးပေ။

Wednesday, November 5, 2008

အနာဂတ်နှင့် ပစ္စုပ္ပာန်

အနာဂတ်က သူ့ဘာသာသူ စောင့်ရှောက်ပါလိမ့်မယ်။ သင့်စိတ်ထဲမ၀င်အောင် ပိတ်ထားပါ။ အခုလက်ငင်း လုပ်နှိင်တာ တစ်ခုကိုသာ အာရုံစိုက်ပါ။ ထိုးဖောက်ထွက်နှိင်မည် မထင်ရတဲ့ ကြောင့်ကြမူ စိုးရိမ်မူ ၀က`်ဘာထဲက ထွက်လာပြီး သင့်လမ်းကို ကြည်ကြည်လင်လင် ထင်ထင်ရှားရှား မြင်နှိင်ဖို့ လမ်းမှန်တစ်လျှောက်မှာ ခြေကလေး တစ်လှမ်းပြီး နောက်တစ်လမ်း လျှောက်သွားနှိင်သလောက် လူ့ဘ၀မှာ အံ့သြစရာကောင်းလောက်တဲ့ အဖြစ်မျိုးထက် ဘယ်အဖြစ်မျိုးမှ ပိုမကောင်းပါဘူး။
စိတ်ပညာရှင်
ဂျိမ်းစ်-အဲလတ်ဇင်ဒါး၏ဆောင်းပါးမှ

Saturday, November 1, 2008

ဘ၀လှေကားထစ်များ(စိတ်ကူးကမ္ကာလေးမှ)

အိုး………လှေခါးထစ်တွေ။
တစ်ဆင့်ပြီးတစ်ဆင့်မြင့်နေတဲ့လှေခါးတွေ..လျှောက်လာလိုက်တာ။
ခရီးတစ်ဝက်ကျိုးပြီလား။
အနောက်ကိုပြန်လှည့်ကြည့်တော့..
ပျော်စရာ.ဝမ်းနည်းစရာ..ဒေါသထွက်စရာ..စိတ်ကြည်နူးစရာတွေနဲ့….

ရှေ့မှာရော….
ရှေ့မှာတော့အမှောင်ထုကြီး….
မှောင်လိုက်တာ…
ဟိုးအဝေးမှာတော့အလင်းရောင်လေး..
မှိန်ပျပျအလင်းလေးနဲ့ဆက်လာပါလို့ဖိတ်ခေါ်နေသလို။
ဘေးကိုကြည့်လိုက်တော့ချောက်ကြီးပါလား။
အမှောင်ထဲမှာစမ်းတဝါးဝါးလျှောက်ရင်းကိုယ့်ကိုကိုယ်ထိန်းနေရတယ်။
ဒါတောင်ဘယ်ကမှန်းမသိ..လက်တွေပေါ်လာပြီး
ချောက်ဘက်ကိုဆွဲချနေကြတယ်..ကိုယ့်လမ်းကိုယ်လျှောက် သူများဘက်ကိုတစ်ချက် လှည့်မကြည့်နိုင်ပေမယ့်
ဘာလို့များချောက်ထဲဆွဲချချင်သူတွေဒီလောက်များရလဲ။

မောလွန်းလို့ခဏနားချင်ရင်တောင်..
ဆွဲချမယ့်လက်တွေကိုကြောက်လွန်းလို့ရှေ့ကိုပဲဆက်ဆက်သွားနေရတယ်။
ဘယ်တော့များမှအလင်းရောင်လေးဆီရောက်မလဲ။
ဘယ်တော့များမှအဲဒီလက်တွေရုတ်သိမ်းသွားမလဲ။
ဘယ်သူကများလာလမ်းပြမလဲ။
ဘယ်အချိန်မှာများအသက်ဝဝရှုနိုင်မလဲ…

မျှော်လင့်ရင်း………ဆက်လျှောက်ရင်း………..ရုန်းကန်ရင်း…………..
ခဏလေးတော့နားခွင့်ပေးပါ

စိတ်ကူးကမ္ကာလေးက ကိုယ်ခံစားမိတဲ့စာသားလေးပါ

လွတ်လပ်ခြင်းသို့ တမ်းတခြင်း

လူ့ဘ၀တွင် ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာ လုပ်သင့်တာတွေကိုပဲဦးစားပေးနေရသည်။ ဘယ်တော့များမှ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လုပ်ခွင့် ရနိုင်ကြမည်လဲ။ လောကကြီးမှ သတ်မှတ်ထားသော စည်းကမ်းများမှ ဘယ်တော့များမှ လွတ်မြောက်နိုင်မည်လဲ။ အတိအကျ သတ်မှတ်ထားခြင်း မဟုတ်ပေမယ့် လူ့လောကကြီးတွင် နေလျှင်လိုက်နာနေကြရသည့်စည်းကမ်းများ… တစ်ခါတစ်လေ လူတွေက ရှေ့တွင်တော့ တစ်မျိုး နောက်ကွယ်တွင် တစ်မျိုး ပြောနေတတ် ကြသည်။ ကိုယ်ကြည့်မရသည့် လူတွေကိုလည်း လူမှုရေးကြောင့် ဟုဆိုကာ ပြုံးရယ်ပြ နေကြရသည်။
ကဲ…ဘယ်မှာလဲ အမှန်တရားတွေ.. လူမှန်ရင်လိမ်လည်ပြီးနေတတ်ရသည်ဟုပြောရမလိုပင်…
တစ်ခါတစ်ရံ လူတွေနှင့်ဝေးရာသို့ထွက်သွားလိုက်ချင်သည်။ မျက်နှာဖုံးတပ်ကာနေ နေရသည့်ဘ၀မှ
ဝေးရာသို့..
ကိုယ်တစ်ယောက်တည်း …

ရယ်ချင်ရယ် …..
ငိုချင်ငို………
ကချင်က……
လုပ်ချင်တာတွေကို ဘယ်သူ့ကိုမှဂရုမစိုက်ပဲလုပ်နိုင်သည့်နေရာသို့သွားလိုက်ချင်သည်။
အတင်းပြောကြမည့်လူမရှိ…
မေးငေါ့ကြမည့်လူမရှိ…
အရူးလို့ပြောမည့်လူမရှိသည့်နေရာသို့………………………………….................