1 week ago
Thursday, April 30, 2009
ရေစက်လေးတွေပေါင်းကြည့်တော့
တစ်နဲ့တစ်ပေါင်းရင် နှစ်ရတာဟုတ်ပေမဲ့ ရေတစ်စက်နဲ့ရေတစ်စက်ပေါင်းတဲ့ အခါမှာတော့ နှစ်စက်မရဘူး။ ရေတစ်စက်ပဲရတယ်နော်။ အဲ့ဒီလိုပဲ အယူအဆတစ်ခုဟာရှေ့နောက်ဆီလျော်ညီညွတ်နေပေမဲ့ လက်တွေ့ဘ၀မှာ မမှန်နှိင်မဖြစ်နှိင်တာမျိုးရှိတတ်ပါတယ်။
Posted by နှင်းဆီဖြူ
YinTwinPhwintSaKar
Wednesday, April 1, 2009
ဘာဆိုင်လို့လဲ
ဘာဆိုင်လို့လဲ
ဘာများဆိုင်လို့လဲ
ဘယ်လိုများသက်ဆိုင်နေလို့ပါလဲ
တွေး တရေးရေး ရင်ကထိတတ်တယ်
ဘာဆိုင်လဲ
ဘာမှမဆိုင်ဘူး
ဟုတ်သားပဲ၊ ဘာဆိုင်လို့လဲ
ဘာဆိုင်တာမှတ်လို့
နေပေဦးတော့ ဖြစ်နေဦးပေါ့။
ဘာများဆိုင်လို့လဲ
ဘယ်လိုများသက်ဆိုင်နေလို့ပါလဲ
တွေး တရေးရေး ရင်ကထိတတ်တယ်
ဘာဆိုင်လဲ
ဘာမှမဆိုင်ဘူး
ဟုတ်သားပဲ၊ ဘာဆိုင်လို့လဲ
ဘာဆိုင်တာမှတ်လို့
နေပေဦးတော့ ဖြစ်နေဦးပေါ့။
Posted by နှင်းဆီဖြူ
YinTwinPhwintSaKar
Monday, March 30, 2009
အမရွှေပြည်သူရဲ့ကဗျာလေးပါ။ခံစားမိလို့တင်လိုက်တယ်။
ဦးနှောက်ချစ်သူ
မချစ်သင့်ဘူး ချစ်သင့်တယ် ဆိုတာထက်
မဖြစ်သင့်ဘူး ဖြစ်သင့်တယ် သက်သက်ကိုပဲ
မက်မက်မောမော တွေးဖြစ်ခဲ့လို့
ကိုယ့်အတိတ်ရဲ့ အနှေးပြကွက်တွေတောင်
အရောင်တွေ ဝေးလွင့်ဖူးခဲ့ပြီ...
အခုလည်း အရောင်တွေချယ်ချင်လှပေမယ့်
ခေါင်းထဲမှာ တ၀ဲလည်လည်ရယ်က
“မဖြစ်သင့်ဘူး ဖြစ်သင့်တယ်”ရဲ့
“မဖြစ်သင့်ဘူး... မဖြစ်သင့်ပါဘူး” တဲ့ကွယ်...
နောက်ဆုံးတော့
ကိုယ်ဟာ
အရောင်တွေနဲ့ ဝေးဝေးနေသင့်တဲ့သူပဲလို့
စွဲစွဲမြဲမြဲမှတ်ရင်း...
နောင်တ နည်းနည်းနဲ့
ခပ်ရဲရဲ နောက်တစ်လှမ်းဆုတ်လိုက်တယ်...
နှလုံးသားကတော့
“မချစ်သင့်ဘူး ချစ်သင့်တယ်“ မေးခွန်းလေးပိုက်ပြီး
အမိုက်အမဲလေးပီပီ ငိုလို့ယိုလို့...
ကိုယ့်ကို စိတ်နာတကြီး စိုက်ကြည့်လို့...
ငိုလိုက်စမ်းပါ နှလုံးသားရယ်...
အင်း... ဘာလိုလိုနဲ့
မင်းနဲ့ကိုယ်...
တစ်ယောက်ကိုတစ်ယောက်
ခွင်မလွှတ်နိုင်ခဲ့တဲ့ ကာလတွေ
တကယ်ကို ကြာခဲ့ပြီပဲနော်...
ရွှေပြည်သူ

Friday, March 27, 2009
အလွတ်ထဲက ကြိုက်မိတဲ့စာသားလေး
တွေ့ဆုံချိန်မှာ မိုးရွာချင်ရွာနေမယ်၊ နေသာချင်သာနေလိမ့်မယ်။
ဒါပေမယ့် ရင်ထဲမှာ စိတ်လှုပ်ရှားမှု၊ အပျော်တွေ ကိုယ်စီရှိနေကြတယ်။
မြို့က အကျယ်ကြီး၊ ကမ္ဘာကြီးကလည်း မသေးဘူး။
ဒီလို ကြီးမားကျယ်ပြန့်တဲ့ နေရာမှာ အချင်းချင်းတွေ့ဆုံဖို့ ဆိုတာကို တစ်ခါမှ မတွေးခဲ့မိဘူး။
လူတစ်ယောက်ကို သိဖို့လွယ်ပေမယ့် တွေ့ဆုံဖို့ဆိုတာ ခက်ခဲလွန်းတယ်။ တစ်နေရာစီမှာ
ရှိနေကြတဲ့ အစက်လေး နှစ်စက်အတွက် တွေ့ဆုံဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။
ဒါပေမယ့်... တွေးကြည့်ခဲ့ဖူးရဲ့လား?
လူတွေ သိန်း၊ သန်းပေါင်းများစွာ စုရုံးနေတဲ့ ဂြိင်္ုလ်ပြာကြီးထဲမှာ ဘာကြောင့်
ငါတို့တွေ့ဆုံခဲ့ကြသလဲ?
ငယ်ငယ်တုန်းက နားထောင်ခဲ့ဖူးတဲ့ ရာဇဝင်ပုံပြင်ထဲမှာ....
ရေသူမလေး ရေပြင်ပေါ်ဘွားခနဲ့ ပေါ်လာတဲ့အချိန် မင်းသားရဲ့သင်္ဘောလည်း
အဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်ဖြစ်နေတယ်။ တောထဲမှာ မင်းသား
လှည့်လည်နေတဲ့အချိန် မျှော်လင့်မထားဘဲ စနှိုးဝိုက်နဲ့ တွေ့ဆုံခဲ့တယ်။
တွ့ဆုံခြင်းက ဒီလောက်ပဲ တိုက်ဆိုက်နိုင်ခဲ့သလား? အဲဒီတွေ့ဆုံခြင်းမှာ နင်ရှိခဲ့တယ်၊
ငါရှိခဲ့တယ်။
တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ အချင်းချင်း တွေ့မြင်ကြပြီဆိုရင် .... တွေ့ဆုံခြင်းပါတဲ့။
ဂျပန်ကား "Now and Then" က ဇာတ်လိုက်တွေက ဇာတ်လမ်းရဲ့နောက်ဆုံးမှာ
ဖဲကြိုးရှည်တွေ လွတ်ပြီး ဒီအချိန်၊ ဒီနေရာမှာ ဒီလူတွေ ရှိခဲ့ကြတယ်ဆိုတာကို
အထိမ်းအမှတ် လုပ်ခဲ့ကြတယ်။ ဒါပေမယ့် လူအများရဲ့ တွေ့ဆုံခြင်းမှာ နှုတ်ဆက်ခြင်း၊
အထိမ်းအမှတ်ပြုခြင်းတွေ မရှိခဲ့ကြဘူး။ တစ်ချို့ရဲ့တွေ့ဆုံခြင်းက မျဉ်းကြားမှာ
လမ်းဖြတ်ကူးသလိုပဲ ပုခုံးချင်းတိုက် မျက်နှာလွှဲခဲ့ကြတယ်။ နှုတ်ဆက်ဖို့ဆိုတာ
ဝေးလို့ သူတို့အနားမှာ ပုခုံးချင်း ပွတ်တိုက်သွားတဲ့ လေစိမ်းတွေသာ ကျန်ရစ်ခဲ့တယ်။
တကယ်တော့ တွေ့ဆုံဖို့ဆိုတာ မလွယ်လှပါဘူး။ လုံးဝ မလွယ်လှပါဘူး။
တစ်ခါတလေမှာ ဒီလူ၊ ဒီလူနဲ့ ဒီနေရာမှာ အရမ်းတွေ့ချင်မိတယ်၊ တစ်ခါလောက်
ဒီလူ၊ ဒီလူနဲ့ ထပ်ဆုံချင်ပေမယ့် တွေ့ဆုံခြင်းက ဝေး,ဝေးနေခဲ့တယ်။
ဒါကြောင့် အချင်းချင်း တွေ့ဆုံချိန်မှာ တန်ဖိုးထားကြပြီး နွေးထွေးမှု၊ အကြင်နာတွေ ပိုပါစေ။
ခွဲခွါခါနီးမှာ "see you"လို့ ပြောဖို့ မမေ့ပါနဲ့။
အပြုံးတွေနဲ့ တွေ့ဆုံကြမယ်၊ အပြုံးတွေနဲ့ ခွဲခွါကြမယ်။
အပြုံးတွေနဲ့ နောက်ထပ်တစ်ခါ တွေ့ဆုံကြစို့....

Monday, March 23, 2009
စကားလုံးများဖြင့် မထိခိုက်နှိင်
သူတစ်ပါးကို မတရားလုပ်သည်ဖြစ်စေ တိုက်ခိုက်လုယက်သည်ဖြစ်စေ
မိမိအမှတ်တရ မဖြစ်မနေသမျှ ကာလပတ်လုံး မထိခိုက်နှိင်ချေ။ဟု
တရုတ်ပည်ရှင်ကြီး ကွန်ဖြူးရှပ်ကဆိုဖူးလေသည်။
စင်စစ်အားဖြင့်မည်သူက မည်သို့ပင်နှိမ်စေကာမူ မိမိကအားငယ်စရာ
အကြောင်းမရှိချေ။ မည်သူကမည်မျှပင် ပုတ်ခတ်တိုက်ခိုက်သော်ငြားလည်း
မိမိတို့အဖို့ အနှောင့်အယှက်ဖြစ်ဖို့လမ်းမရှိချေ။ မိမိတို့ကအရေးတယူလုပ်မှ
သာထိခိုက်နှိင်စရာ အကြောင်းလမ်းရှိချေသည်။တုတ်များ ခဲများဖြင့်ပစ်လိုက်လျှင်
ကျွန်ုပ်၏အရိုးများထိခိုက် နာကျင်ဖွယ်ရှိသည်မှန်သော်လည်း စကားလုံးဖြင့်ကား
ကျွန်ုပ်တို့မထိခိုက်နှိင် ဟူသောစကားတစ်ရပ်ကို မှတ်သားအပ်၏။

Wednesday, March 18, 2009
အဆိုးနဲ့အကောင်း
အဆိုးနဲ့အကောင်း နှစ်ဖက်ရှိသောလောကတွင် အဆိုးတစ်ဖက်တည်းမှသာ
ရူကြည့်မည်ဆိုလျှင် တရားမျှတရာရောက်မည် မဟုတ်ပေ။မိမိကိုယ်ပေါ်၌ပင်
မိမိမလိုလားသော အချက်များရှိပေလိမ့်မည်။ထိုမျှသာမက အခြားသူများကလည်း
မိမိကိုရူကြည့်ကာ လူလောကကိုစိတ်နာစိတ်ပျက် နေမည်လားမသိရပေ။
အခြားသူ၏အမြင်တွင် သင်သည်လူ့ဂွစာ၊လူကပ်၊တစ်ကိုယ်ကောင်းသမားဖြစ်နေမည်
ဆိုလျှင်လည်း ပြုပြင်ရပေလိမ့်မည်။
ကျွန်ုပ်တို့သည် လူမူလောကနှင့်ဆက်ဆံရာတွင် လူ့အကြောင်းကိုလေ့လာရန်လိုပေ
သည်။ထိတွေ့ဆက်ဆံရသောသူများ၏ စိတ်နေသဘောထားများ မျှော်မှန်းချက်များ
ကိုလည်းသိအောင် ပြုရပေမည်။ လူသည်သက်ရှိသတ္တ၀ါဖြစ်၍ စိတ်နှင့်စရိုက်တို့က
ရွေ့ရှားလူပ်ရှားနေသူဖြစ်သောကြောင့် အကဲခတ်ရသည်မှာခက်ခဲမြဲဖြစ်လေသည်။
ထိုမျှသာမက လူတို့သည် လျှို့ဝှက်တတ်သောသဘောများကလည်း ရှိပေသေးသည်။
လူဆိုးကိုလူကောင်းဟူ၍ အမြင်မမှားရန်လိုပေသည်။
အချို့သောလူတို့သည် အဆိုးကိုသာမြင်လွယ်၍ ဘ၀တွင်ဆိုးသောအရာများကိုသာ
ရွေးထုတ်၍ သည်းတွားအလိုမကျဖြစ်နေတတ်ပေသည်။ လောကတွင်တွေ့မြင်သမျှ
ဘာမျှစိတ်တိုင်းမကျဘဲလည်း ရှိတတ်သည်။တစ်ခါတစ်ရံ ဒေါသဖြစ်နေသောသူသည်
ကြုံတွေ့ရသမျှကို မကျေနပ်ပဲရှိနေတတ်ပေသေးသည်။ စင်စစ်အားဖြင့်လောကတွင်
မည်သည့်အခါမျှ အားရကျေနပ်ရန် မလွယ်ကူပေ။မည်မျှကောင်းသောအရာဖြစ်စေ
ကာမူမကျေနပ်စရာရှာဖွေ၍ရပေသည်။ အကောင်းတိုင်းတွင်အဆိုးရှိတတ်ပေသည်။
သန်းခေါင်လွန်လျှင် နံနက်အလင်းသို့ပြန်၍ ရောက်ရလေသည်။တောင်ထိပ်လွန်လျှင်
တောင်အဆင်းကိုတွေ့ရပေမည်။ တစ်ခု၏အဆုံးတွင် အခြားတစ်ခု၏အစကိုဆိုက်ရောက်
ကြရတတ်ပေသည်။ထို့ကြောင့် မိမိဘ၀တွင်အဆိုးကို ကြုံတွေ့ရလျှင်လည်းစိတ်ပျက်အား
ငယ်ရန်မလိုပေ။
အဆိုးထဲ၌ရှိစဉ် အကောင်းအတွက်အားတတ်မျှော်လင့်နေရမည်ဖြစ်ပြီးအကောင်းထဲရှိစဉ်
အဆိုးကိုခံနှိင်ရန်လည်း အသင့်ပြင်ပြီးရှိရပေမည်။

Wednesday, December 24, 2008
လောကမှာ မိတ်ဆွေသုံးမျိုးရှိတယ်
လောကမှာ မိတ်ဆွေသုံးမျိုး ရှိတယ်တဲ့။ ပထမမိတ်ဆွေအမျိုးအစားကကိုယ့်ကိုချစ်တဲ့သူ၊
ဒုတိယမိတ်ဆွေအမျိုးအစားကကိုယ့်ကိုမုန်းတဲ့သူ၊ တတိယမိတ်ဆွေ အမျိုးအစားကကိုယ့်ကိုဥပက္ခာ ထားတတ်တဲ့သူ၊ အဲ့ဒီမိတ်ဆွေသုံးမျိုးရှိတယ်တဲ့။ ကိုယ့်ကိုချစ်တဲ့သူမျိုးနဲ့တွေ့ကြုံဆုံဆည်းရရင်တော့နှလုံးစိတ်ဝမ်း ချမ်းမြေ့ရတာပေါ့တဲ့။
ကိုယ့်ကိုမုန်းတဲ့သူမျိုးနဲ့တွေ့တော့လည်း ကိုယ်ဟာ သတိရှိတဲ့သူ၊ သတိမြဲမြံသူဖြစ်လာတယ်။
ဘာကြောင့်ဆိုတော့ ကိုယ့်ကိုမုန်းတဲ့သူဆိုတာကိုယ့်အားနည်းချက်၊ချွတ်ယွင်းချက် ကိုအမြဲကြည့်နေတတ်တယ်ဆိုတော့ကိုယ်က အမြဲသတိထားနေရတယ်။
သတိထားရင်း သတိရှိတဲ့သူဖြစ်လာရတာပဲတဲ့။ ကိုယ့်ကိုဥပက္ခာပြုထားတဲ့ သူမျိုးနဲ့
တွေ့ကြုံတဲ့အခါ ကိုယ့်ကိုယ်ကိုအားကိုးတတ်သူ ဖြစ်လာတတ်တယ်တဲ့။
ဟုတ်တာပေါ့ ကိုယ့်ကိုရိုင်းပင်းကူညီ စောင့်ရှောက်တတ်သူမဟုတ်တော့ သူလိုလူမျိုးကိုဘာမှမျှော်လင့်ချက်ထားလို့မရဘူး။ကိုယ့်ကိုယ်ကိုပဲအားကိုးပြီးကြိုးစားလုပ်ဆောင်ရတာပဲ
ဘာဖြစ်ဖြစ်အဲ့ဒီမိတ်ဆွေသုံးမျိုး၊ အမျိုးအစားအားလုံးကို ကျေးဇူးတင်ပါတယ်တဲ့။
သူပြောတာတွေကိုတစ်ကယ်သဘောကျတယ်။စိတ်ထား၊ထားတတ်ရင်လောကမှာ
ဘယ်လိုလူမျိုးနဲ့တွေ့တွေ့ကိုယ့်အတွက်အကျိုးရှိတာချည်းပဲလေ။

Tuesday, December 16, 2008
မေတ္တာတရား
မေတ္တာတရားက
ဘယ်သောအခါမှ တောင်းဆိုမူမပြု။
မေတ္တာတရားက
အမြဲပေးကမ်းသမူပြုတယ်။
မေတ္တာတရားဟာ
အမြဲအနစ်နာခံတယ်။
ဘယ်သောအခါမှ
နာကြည်းမူမရှိ။
ဘယ်သောအခါမှ
တုံ့ပြန်ကလဲ့စားမချေ။
Gandhi
ဘယ်သောအခါမှ တောင်းဆိုမူမပြု။
မေတ္တာတရားက
အမြဲပေးကမ်းသမူပြုတယ်။
မေတ္တာတရားဟာ
အမြဲအနစ်နာခံတယ်။
ဘယ်သောအခါမှ
နာကြည်းမူမရှိ။
ဘယ်သောအခါမှ
တုံ့ပြန်ကလဲ့စားမချေ။
Gandhi
Posted by နှင်းဆီဖြူ
YinTwinPhwintSaKar
Saturday, November 15, 2008
ဘ၀မှာ တစ်နေ့စာကလေး အကန့်လိုက်လုပ်ပြီး နေကြည့်စမ်းပါ။
ကျွန်တော်တို့တစ်တွေဟာ သဘေ`်ာကြီးတစ်စီးလို အံ့သြစရာကောင်းတဲ့ စက်ကိရိယာတွေလို ဖြစ်တယ်ဆိုတာ သိကြပါရဲ့လား။ သဘော`်ကြီးဟာ ရေလုံခန်းတွေ လုပ်ထားလို့ ခရီးရှည်ကို ဘေးကင်းကင်းနဲ့ သွားနှိင်သလို ကျွန်တော်တို့ တစ်တွေလဲ တစ်နေ့လုံအကန့် များထားလိုက်ရင် ဘ၀ခရီးကို ဘေးကင်းကင်း သွားနှိင်မယ်ဆိုတာ မှတ်သားစေချင်တယ်။ဘယ်လိုတစ်နေ့လုံ အကန့်များထားရမလဲဆိုရင် သဘော`်ကပ္ပတိန်ကြီး ခလုပ်နှိပ် လိုက်သလို မင်းတို့လဲ ခလုပ်နှိပ်ပြီး လွန်ခဲ့သော အတိတ်ကာလ တံခါးကို ပိတ်လိုက်ကြစမ်းပါ။ ပြီးတော့ နောက်ထပ် ခလုပ်နှိပ်ပြီး မရောက်သေးတဲ့ အနာဂါတ်ကာလ ဆိုတာကိုလဲ တံခါးပိတ်လိုက်ကြစမ်းပါ။ သေကြေ ပျက်စီး ရွေ့လျားသွားပြီဆိုတာ လူတိုင်းသိနေတဲ့ မနေ့ မနေ့ မနေ့ပေါင်းများစွာတို့ရယ် မပေါ်လာသေးဘူး မမွေးဖွား သေးဘူးဆိုတာ လူတိုင်းသိနေတဲ့ မနက်ဖြန် မနက်ဖြန် မနက်ဖြန်ပေါင်းများစွာတို့ရယ် အဲ့ဒါတွေဟာ မင်းတို့ ကျုပ်တို့နဲ့ မဆိုင်ဘူး။ ပြီးတာလဲ ပြီးပြီ မပြီးပါနဲ့လို့ မတားနှိင်ဘူး။ မဖြစ်သေးတာကိုလဲ ဘာဖြစ်မှန်း မသိသေးတော့ ဘယ်နှယ့်လုပ်ပြီး စိတ်မောနေဖို့ လိုမလဲ။ အဲ့ဒီတော့ကျုပ်တို့မှာ ဘာပဲကိုယ်ပိုင် ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့သလဲ။ ဒါကတော့တစ်ခြားမဟုတ်ဘူး။ သည်နေ့ ယနေ့ ယနေ့ ဆိုတာပဲပေါ့။ လူတွေနဲ့အသက်ဆိုင်ဆုံး မျက်မှောက် ပစ္စက္ခပါပဲ။ နောင်ရေးကိုတွေးပြီး ပူနေတဲ့သူဟာ အအိပ်ပျက် အစားပျက် အားအင်လျော့ပါးပြီး အလကားသက်သက် ဒုက္ခရောက်ရတယ်။ ဒါကြောင့် အတိတ်နဲ့ အနာဂါတ်တို့ကို အသာကလေး တံခါးပိတ်ပြီး တစ်ဘ၀မှာ တစ်နေ့စာ ကလေး အကန့်လိုက် လုပ်ပြီး နေကြစမ်းပါ။
ဆာသော့စကားဟောပြောချက်။
ဆာသော့စကားဟောပြောချက်။
Posted by နှင်းဆီဖြူ
YinTwinPhwintSaKar
Thursday, November 13, 2008
လက်တွေ့
လူတွေစာဖတ်ကြတယ်။ စာတွေရွတ်သူရှိတယ်။ သိတယ်။ နားလည်တယ် သဘောပေါက်တယ်။ သို့ရာတွင် အကြောင်းအမျိုးမျိုးပြကာ သိသလို မလုပ်ကြသူများရှိသည်။ တရားပြသူ တရားဟောသူများ ရှိသည်။ (ခင်ဗျားရော ဒီလိုကျင့်ကြံပါသလား) ဟုမေးစရာမလိုပေ။ ကိုယ်ကကျင့်ရန်သာလိုသည်။ စာဖတ်ခြင်းမှာ သိအောင်ပြုခြင်းဖြစ်ပါသည်။ သိလျှင် သိသလိုလုပ်ကိုင်ရန်မှာ နောက်တစ်ဆင့် ဖြစ်သည်။ သိပြီးမလိုက်နာလျှင် သိရကျိုးလည်းမနပ်ပေ။ ဖတ်ရကျိုးလည်းမနပ်ပေ။ ပါးစပ်မှ တတွတ်တွတ် ရွက်ဆိုနှိင်ရုံဖြင့် မပြီးပေ။
Posted by နှင်းဆီဖြူ
YinTwinPhwintSaKar
Wednesday, November 5, 2008
အနာဂတ်နှင့် ပစ္စုပ္ပာန်
အနာဂတ်က သူ့ဘာသာသူ စောင့်ရှောက်ပါလိမ့်မယ်။ သင့်စိတ်ထဲမ၀င်အောင် ပိတ်ထားပါ။ အခုလက်ငင်း လုပ်နှိင်တာ တစ်ခုကိုသာ အာရုံစိုက်ပါ။ ထိုးဖောက်ထွက်နှိင်မည် မထင်ရတဲ့ ကြောင့်ကြမူ စိုးရိမ်မူ ၀က`်ဘာထဲက ထွက်လာပြီး သင့်လမ်းကို ကြည်ကြည်လင်လင် ထင်ထင်ရှားရှား မြင်နှိင်ဖို့ လမ်းမှန်တစ်လျှောက်မှာ ခြေကလေး တစ်လှမ်းပြီး နောက်တစ်လမ်း လျှောက်သွားနှိင်သလောက် လူ့ဘ၀မှာ အံ့သြစရာကောင်းလောက်တဲ့ အဖြစ်မျိုးထက် ဘယ်အဖြစ်မျိုးမှ ပိုမကောင်းပါဘူး။
စိတ်ပညာရှင်
ဂျိမ်းစ်-အဲလတ်ဇင်ဒါး၏ဆောင်းပါးမှ
စိတ်ပညာရှင်
ဂျိမ်းစ်-အဲလတ်ဇင်ဒါး၏ဆောင်းပါးမှ
Posted by နှင်းဆီဖြူ
YinTwinPhwintSaKar
Saturday, November 1, 2008
ဘ၀လှေကားထစ်များ(စိတ်ကူးကမ္ကာလေးမှ)
အိုး………လှေခါးထစ်တွေ။
တစ်ဆင့်ပြီးတစ်ဆင့်မြင့်နေတဲ့လှေခါးတွေ..လျှောက်လာလိုက်တာ။
ခရီးတစ်ဝက်ကျိုးပြီလား။
အနောက်ကိုပြန်လှည့်ကြည့်တော့..
ပျော်စရာ.ဝမ်းနည်းစရာ..ဒေါသထွက်စရာ..စိတ်ကြည်နူးစရာတွေနဲ့….
ရှေ့မှာရော….
ရှေ့မှာတော့အမှောင်ထုကြီး….
မှောင်လိုက်တာ…
ဟိုးအဝေးမှာတော့အလင်းရောင်လေး..
မှိန်ပျပျအလင်းလေးနဲ့ဆက်လာပါလို့ဖိတ်ခေါ်နေသလို။
ဘေးကိုကြည့်လိုက်တော့ချောက်ကြီးပါလား။
အမှောင်ထဲမှာစမ်းတဝါးဝါးလျှောက်ရင်းကိုယ့်ကိုကိုယ်ထိန်းနေရတယ်။
ဒါတောင်ဘယ်ကမှန်းမသိ..လက်တွေပေါ်လာပြီး
ချောက်ဘက်ကိုဆွဲချနေကြတယ်..ကိုယ့်လမ်းကိုယ်လျှောက် သူများဘက်ကိုတစ်ချက် လှည့်မကြည့်နိုင်ပေမယ့်
ဘာလို့များချောက်ထဲဆွဲချချင်သူတွေဒီလောက်များရလဲ။
မောလွန်းလို့ခဏနားချင်ရင်တောင်..
ဆွဲချမယ့်လက်တွေကိုကြောက်လွန်းလို့ရှေ့ကိုပဲဆက်ဆက်သွားနေရတယ်။
ဘယ်တော့များမှအလင်းရောင်လေးဆီရောက်မလဲ။
ဘယ်တော့များမှအဲဒီလက်တွေရုတ်သိမ်းသွားမလဲ။
ဘယ်သူကများလာလမ်းပြမလဲ။
ဘယ်အချိန်မှာများအသက်ဝဝရှုနိုင်မလဲ…
မျှော်လင့်ရင်း………ဆက်လျှောက်ရင်း………..ရုန်းကန်ရင်း…………..
ခဏလေးတော့နားခွင့်ပေးပါ

Subscribe to:
Posts (Atom)