Thursday, August 14, 2008

မိတ်သင်္ဂဟ

မိတ်ဆွေကောင်း တစ်ယောက်ရခြင်းသည် ဘုရားသခင်ပေးသော ဥစ္စာများတွင် အသန့်ရှင်းဆုံး ဖြစ်သည်။ ယင်းသည် မည်သည်နှင့်မျှ ဖလှယ်၍မရသော မေတ္တာမျိုးဖြစ်သည်။ ယင်းသည် မိသားစု ဖြစ်သဖြင့် ချစ်ခင်ရသည် ဟူသော အစဉ်အလာ အမွေသဘောမျိုး ဖြင့်ရသော မေတ္တာမဟုတ်ပေ။ မိမိ၏သား သမီး ဖြစ်သဖြင့် မေတ္တာ ထားရမည်သာ ဖြစ်သည် ဟူသော အတင်းတိုက်တွန်း၍ ဖြစ်ရသော မေတ္တာမျိုးလည်း မဟုတ်ပေ။ အိမ်ထောင်ဖက် ဖြစ်သဖြင့် ကာမဂုဏ်ကို အကြောင်းပြု၍ ဖြစ်ရသော မေတ္တာလည်း မဟုတ်ပေ။ ထို့ကြောင့်ပင် ယင်းမိတ်သင်္ဂဟ မေတ္တာသည် အခြားချစ်မေတ္တာများ ထက်ပို၍ နက်နဲသော စေတနာပါသည့် ဖော်ပြခြင်းငှာ မစွမ်းသာသော သံယောဇဉ် နှောင်ကြိုး ဖြစ်ပေသည်။
ရုပ်ရှင်မင်းသမီး ဖရန်စီးစ်-ဖားမား

No comments:

Post a Comment