5 years ago
Wednesday, March 19, 2008
မေတ္တာ
တကယ့်မေတ္တာတရားတွင်ဂရုဏာတရားသည်အကျုံးဝင်ပြီးဖြစ်သည်။ (ငယ်ကအချစ်အနှစ်တစ်ရာ)ဆိုသော စကားရှိသည်။ မေတ္တာ၏ ခိုင်မြဲပုံကို တင်စားသော စကားဖြစ်သည်။သို့ရာတွင်စိတ်နာခြင်းနာကြည်းခြင်းလက်စားချေလိုခြင်းအရွဲ့တိုက်လိုခြင်း မနာလိုခြင်းစသောစိတ်ထားများကိန်းအောင်းလာတတ်သည့်အခါစိတ်ကမေတ္တာ ကြီးမားခြင်းဟုအထင်ရှိနေသော်လည်းစင်စစ်မေတ္တာမမှန်ကန်ပေ။ (အချစ်ကြီးလျှင်အမျက်ကြီးသည်)ဟူသောစကားရှိသော်လည်းမေတ္တာကြီးလျှင် အမျက်မဖြစ်ပေါ်နှိင်သည်ကိုသတိပြုရန်လိုသည်။မိမိကမေတ္တာဟုထင်နေသော်လည်း လောဘ၊တဏှ၊အတ္တအကျိုးငဲ့မူ့များရောဝင်ပူးယှက်နေတတ်ကြပေသည်။ ခွင့်လွတ်နှိင်ခြင်းသည် မေတ္တာ၏အဆွယ်အပွားဖြစ်သည်ကို သဘောပေါက် ရန်လိုသည်။မေတ္တာတွင် အတ္တကို အတိုင်းအဆဖြင့်ဖယ်ထားရန်လိုပေလိမ့်မည်။
Tuesday, March 18, 2008
အဆိုးနဲ့ အကောင်း
အဆိုးနဲ့အကောင်း နှစ်ဖက်ရှိသော လောကတွင် အဆိုးတစ်ဖက်တည်းမှ သာရူကြည့်မည်ဆိုလျှင်တရားမျှတရာ ရောက်မည်မဟုတ်ပေ။ မိမိကိုယ်ပေါ်တွင်ပင် မိမိမလိုလားသော အချက်များရှိပေလိမ့်မည်။ ထိုမျှသာမက အခြားသူများကလည်း မိမိကိုကြည့်ကာ လူ့လောကကို စိတ်နာ စိတ်ပျက်နေမည်လား မသိရပေ။ အခြားသူ၏ အမြင်တွင် သင်သည်လူ့ဂွစာ၊ တစ်ကိုယ်ကောင်းသမား ဖြစ်နေမည် ဆိုလျှင်လည်း ပြုပြင်ရပေလိမ့်မည်။ လူ့လောကနှင့်ဆက်ဆံရာတွင် လူ့အကြောင်းကို လေ့လာရန် လိုပေသည်။ ကျွန်ုပ်တို့အား ထိတွေ့ဆက်ဆံလာသော လူများ၏ စိတ်နေသဘောထားများ၏ မျှော်မှန်းချက်များကိုလည်း သိအောင်ပြုရပေမည်။ လူသည်သက်ရှိ သတ္တ၀ါဖြစ်ပြီး စိတ်နှင့်စရိုက်တို့က ရွေ့လျားလူပ်ရှားနေသူဖြစ်သောကြောင့် အကဲခတ်ရသည်မှာ ခက်ခဲမြဲဖြစ်လေသည်။ ထိုမျှမက လူများစွာတို့သည် ဟန်ဆောင်တတ်သောသဘော၊ လျှို့ဝှက်တတ်သောသဘော များကလည်း ရှိပေသေးသည်။ ကျွန်ုပ်တို့သည် လူဆိုးကိုလူကောင်း၊ လူကောင်းကို လူဆိုးဆိုပြီးအမြင်မမှားရန် လိုအပ်ပေသည်။လူအများနှင့် ဆက်ဆံရာတွင်သတိပြုသင့်သော အချက်များစွာရှိပေသည်။ အချို့သောသူတို့သည် အဆိုးကိုသာ မြင်လွယ်တတ်ပြီး ဘ၀တွင်ဆိုးသောအရာများကိုသာ ရွေးထုတ်ပြီး ညည်းတွားအလိုမကျဖြစ်နေတတ်ပေသည်။လောကတွင် တွေ့မြင်သမျှ ဘာမှစိတ်တိုင်းမကျဘဲ လည်းရှိတတ်ပေသည်။ တစ်ခါတစ်ရံတွင်ဒေါသဖြစ်နေသောသူသည်ြံကုံတွေ့သမျှ မကျေနပ်ပဲရှိ နေတတ်ပေသေးသည်။ စင်စစ်အားဖြင့်လောကတွင် မည်သည့်အခါမျှ အားရကျေနပ် ရန်မလွယ်ကူပေ။ မည်မျှကောင်းသောအရာဖြစ်စကောမူ၊ မကျေနပ်စရာ ရှာဖွေလို့ရပေသည်။ အကောင်းတိုင်းတွင် အဆိုးရှိတတ်ပေသည်။
သန်းခေါင်လွန်လျှင် နံနက်အလင်းသို့ ပြန်ပြီးရောက်ရပေသည်။ တောင်ထိပ်လွန်လျှင်တောင်အဆင်းကိုတွေ့ရပေမည်။ထိုသဘောအတိုင်းပင် ဆင်းရဲဒုက္ခတို့၏အဆုံးတွင်သုခရောက်ရှိလာပေမည်။ သုခအဆုံးတွင်လည်းဒုက္ခရှိလေသည်။ တစ်ခု၏အဆုံးတွင်အခြားတစ်ခု၏ အစကို ဆိုက်ရောက်ကြရတတ်ပေသည်။ ထို့ကြောင့်မိမိဘ၀တွင် အဆိုးကိုကြုံတွေ့ရလျှင်လည်း စိတ်ပျက်အားငယ်ရန မလိုပေ။
အဆိုးထဲတွင်ရှိစဉ် အကောင်းအတွက် အားတတ်မျှော်လင့် နေရမည်ဖြစ်ပြီး အကောင်းထဲတွင် ရှိစဉ်အဆိုး ကိုခံနှိင်ရန်လည်း အသင့်ပြင်ပြီး ရှိရပေမည်။

Sunday, March 16, 2008
အတ္တ
အတ္တဆိုသောအရာမှာ မိမိတစ်ဦးတည်းတွင်သာ ရှိသောအရာမဟုတ်။
လူတိုင်းအား သဘာဝကြီးက လူ့လောကကြီးအတွင်း အသက်ရှင်
နေထိုင်ရန်လိုအပ်လို့ထည့်ပေးလိုက်သော ပစ္စည်းဖြစ်ပေရာမိမိအတ္တရှိ
သလိုအခြားသူများတွင်လည်းအတ္တရှိ၏။မိမိကအတ္တကိုထုတ်ပြီးသုံးပါက အတ္တရှိသောတဖက်လူသားကလည်းသူ့အတ္တကိုထုတ်ပြီးပြန်လည်ခုခံမည်ကို
သတိပြုရန်လိုအပ်ပါသည်။အတ္တရှိသူသည်အခြားအတ္တရှိသူနှင့်ယှဉ်ပြိုင်ပေရာ
အတ္တနှစ်ခုခေါင်းချင်းဆိုင်တိုက်ပါကနှစ်ခုလုံးပျက်စီးမည်ဖြစ်ပါသည်။

မီးရထားစီးခရီးသည်လူတိုင်းအတွက်
မီးရထားခရီးသွားသူတစ်ဦးကဘယ်ဘူတာရောက်ပြီလဲဟု ဘူတာရောက်တိုင်းခေါင်းပြူပြီး
မီးရထားဆိုင်းဘုတ်ကိုကြည့်ရတယ်။ တစ်ခါတစ်ရံမကြည့်မိသည့်အခါ ခရီးသည်ချင်းဘယ်
ဘူတာရောက်ပြီလဲဟုမေးမြန်းမိသည်။
သူဘာကြောင့်သိချင်သနည်း။
ဆင်းရမည့်ဘူတာမည်မျှဝေးသေးသည် မည်မျှနီးနေပြီကိုသိလိုသောကြောင့်ဖြစ်သည်။
သင်၏ဘ၀ခရီးတွင်သင်သည် မည်သည့်ခရီးကိုရောက်နေပြီကိုသတိထားမိပါသလား။
အဘယ်ခရီးအထိသွားမည်ဟုမှန်းထားပါသနည်း။
ထိုအကြောင်းသည်အရေးကြီးပေသည်။ခရီးလမ်းသာယာနေဖို့မဟုတ်။
ဘယ်ခရီးကိုရောက်နေကြောင်းသတိထားသုံးသပ်သင့်သည်။
ကိုယ့်အသက်ရွယ်နှင့်ကိုယ့်ရည်မှန်းရာဘ၀အခြေအနေ သို့ထက်ဝက်ရောက်ခဲ့ပြီလော။
ယခုမှခရီးအစပင်ရှိပါသေးသလော။
မီးရထားကြီးကပင်နှေးနေပါသလော။
သင်သိဖို့မုချလိုအပ်ပေသည်။

Subscribe to:
Posts (Atom)