Sunday, March 16, 2008

မီးရထားစီးခရီးသည်လူတိုင်းအတွက်

မီးရထားခရီးသွားသူတစ်ဦးကဘယ်ဘူတာရောက်ပြီလဲဟု ဘူတာရောက်တိုင်းခေါင်းပြူပြီး
မီးရထားဆိုင်းဘုတ်ကိုကြည့်ရတယ်။ တစ်ခါတစ်ရံမကြည့်မိသည့်အခါ ခရီးသည်ချင်းဘယ်
ဘူတာရောက်ပြီလဲဟုမေးမြန်းမိသည်။
သူဘာကြောင့်သိချင်သနည်း။
ဆင်းရမည့်ဘူတာမည်မျှဝေးသေးသည် မည်မျှနီးနေပြီကိုသိလိုသောကြောင့်ဖြစ်သည်။
သင်၏ဘ၀ခရီးတွင်သင်သည် မည်သည့်ခရီးကိုရောက်နေပြီကိုသတိထားမိပါသလား။
အဘယ်ခရီးအထိသွားမည်ဟုမှန်းထားပါသနည်း။
ထိုအကြောင်းသည်အရေးကြီးပေသည်။ခရီးလမ်းသာယာနေဖို့မဟုတ်။
ဘယ်ခရီးကိုရောက်နေကြောင်းသတိထားသုံးသပ်သင့်သည်။
ကိုယ့်အသက်ရွယ်နှင့်ကိုယ့်ရည်မှန်းရာဘ၀အခြေအနေ သို့ထက်ဝက်ရောက်ခဲ့ပြီလော။
ယခုမှခရီးအစပင်ရှိပါသေးသလော။
မီးရထားကြီးကပင်နှေးနေပါသလော။
သင်သိဖို့မုချလိုအပ်ပေသည်။

No comments:

Post a Comment