Wednesday, March 19, 2008

မေတ္တာ

တကယ့်မေတ္တာတရားတွင်ဂရုဏာတရားသည်အကျုံးဝင်ပြီးဖြစ်သည်။ (ငယ်ကအချစ်အနှစ်တစ်ရာ)ဆိုသော စကားရှိသည်။ မေတ္တာ၏ ခိုင်မြဲပုံကို တင်စားသော စကားဖြစ်သည်။သို့ရာတွင်စိတ်နာခြင်းနာကြည်းခြင်းလက်စားချေလိုခြင်းအရွဲ့တိုက်လိုခြင်း မနာလိုခြင်းစသောစိတ်ထားများကိန်းအောင်းလာတတ်သည့်အခါစိတ်ကမေတ္တာ ကြီးမားခြင်းဟုအထင်ရှိနေသော်လည်းစင်စစ်မေတ္တာမမှန်ကန်ပေ။ (အချစ်ကြီးလျှင်အမျက်ကြီးသည်)ဟူသောစကားရှိသော်လည်းမေတ္တာကြီးလျှင် အမျက်မဖြစ်ပေါ်နှိင်သည်ကိုသတိပြုရန်လိုသည်။မိမိကမေတ္တာဟုထင်နေသော်လည်း လောဘ၊တဏှ၊အတ္တအကျိုးငဲ့မူ့များရောဝင်ပူးယှက်နေတတ်ကြပေသည်။ ခွင့်လွတ်နှိင်ခြင်းသည်မေတ္တာ၏အဆွယ်အပွားဖြစ်သည်ကို သဘောပေါက် ရန်လိုသည်။မေတ္တာတွင် အတ္တကို အတိုင်းအဆဖြင့်ဖယ်ထားရန်လိုပေလိမ့်မည်။

No comments:

Post a Comment