Tuesday, September 30, 2008

မပြုပြင်သည်ကိုလက်ခံနှိင်သောသမာဓိတရားပေးပါလော။ ပြုပြင်သောသတ္တိကိုပေးပါလော။ မပြုပြင်သည်ကိုလည်း မပြုပြင်နှိင်ကြောင်း သိနှိင်ဖို့ဥာဏ်ပေးပါလော့။

ကမ္ကာပေါ်တွင် အလွန်ပင်ကျော်စောသော ဆာရာဘားနဒ်အမည်ရှိသည့် ဇာတ်မင်းသမီးကြီးသည် အသက် ခုနစ်ဆယ့်တစ်နှစ် အရွယ်သို့ ရောက်သောအခါ ခြေထောက်ဖြတ်ပစ်ရသည့် အဖြစ်မျိုးနှင့် ကြုံတွေ့ရလေသည်။ ဆရာဝန်ကထိုအကြောင်းကိုပြောရမှာ ကြောက်ရွံရွံနှင့်စိတ်ထိခိုက်သွားမည်ကို စိုးသောကြောင့်ပင်။နောက်ဆုံး ပြောပြသောအခါ ဆာရာမှာသောကမဖြစ်သည့်အပြင် ဖြတ်လဲဖြတ်ပေါ့ဆရာရယ် ဘာတတ်နှိင်မှာလဲ ဟုဆိုလေသည်။ခုနစ်နှစ်တိုင် ဆာရာသည် ခြေထောက်ဖြတ်ပြီး သဘင်သည် အလုပ်ကိုဆက်လက် လုပ်ကိုင် လိုက်သေးသည်။
(မဖြစ်နိင်သောကိစ္စမျိုးကို ဖြစ်နှိင်သည်ဟု အရမ်းမဲ့ တိုက်ခိုက်နေခြင်းကို ရပ်လိုက်လျှင် လူ၌ရှိသော ကိုယ်အင်အား စိတ်အင်အားတို့သည် ဘ၀၏ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းစေနှိင်သော အလုပ်များအတွက် အသုံးဝင် လာပေမည် ဟုအမေရိကန်စာပဒေသာ (Reader's Digest) မဂ္ဂဇင်းတွင် ရေးသားဖူးလေသည်။
မဖြစ်နှိင်သည်ကို ဖြစ်နှိင်ရမည်ဟူသောသဘောနှင့် ဇွတ်တိုးလုပ်လျှင် လုပ်နှိင်သောသတ္တိအင်အား လူ၏သန္တန်၌ မရှိသဖြင့်မဖြစ်နှိင်ချေ။ ဖြစ်နှိင်သည့်တိုင်အောင် ရှိသမျှအင်အားကို ကုန်ခန်းအောင်အသုံးပြုရမည်။ ဥပမာ လေမုန်တိုင်းနှင့်အလိုက်သင့် ယိမ်းလိုက်သော ပပြားပင်သည် ကျိုးပဲ့ပျက်စီးခြင်း မရှိပေ။ ကြံ့ကြံ့ခံနေသော သစ်ပင်ကြီးသည်ကား နောက်ဆုံး၌ လေမုန်တိုင်းဒဏ်ကို မခံနှိင်ပဲ ခါးလယ်မှ ကျိုးကျရလေတော့သည်။
ကျွန်ုပ်သည်ပပြားပင်ကဲ့သို့ ယိမ်းနှိင်စွမ်းရှိရမည်။ ၀က်သစ်ချပင်ကဲ့သို့ တောင့်တောင့်ကြီးခံမနေရ။ ကြုံတွေ့ရသည့် ဒုက္ခကို ခံယူတတ်ရမည်။ သို့မဟုတ်ပါက ဒုက္ခကိုခံ၍တိုက်နေလျှင် တိုက်၍အောင်မြင်မည် မဟုတ်သည်သာမက တိုက်ရင်းအားကုန်၍ အခြားပြုအပ်သော ဘ၀ကစ္စများကို မပြုရဘဲရှိချေမည်။မတတ်နှိင် လျှင်ပျော်ပျော်လက်ခံ ဆိုသောစကားအတိုင်း သာပြုကျင့်နှိင်ပါက ကမ္ကာပေါ်ရှိ သောကများသည် တစ်ဝက်မက ပျောက်ကွယ်သွားကြပေလိမ့်မည်။

2 comments:

  1. မိမိကိုယ်တိုင်က မဖြစ်နိုင်ဘူးလို့ လက်မခံမချင်း မဖြစ်နိုင်တဲ့ အရာရယ်လို့ မရှိဘူးလို့ ဆိုကြတယ် မလားဗျာ...

    လာလည်သွားပါတယ်

    ReplyDelete
  2. အမရဲ.တွေးအခေါ်ကိုအရမ်းကြိုက်တာ ပဲ နောက် လည်းလာခဲ့မယ်နော်

    ReplyDelete