လွတ်လပ်ခြင်းသို့ တမ်းတခြင်း
လူ့ဘ၀တွင် ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာ လုပ်သင့်တာတွေကိုပဲဦးစားပေးနေရသည်။ ဘယ်တော့များမှ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လုပ်ခွင့် ရနိုင်ကြမည်လဲ။ လောကကြီးမှ သတ်မှတ်ထားသော စည်းကမ်းများမှ ဘယ်တော့များမှ လွတ်မြောက်နိုင်မည်လဲ။ အတိအကျ သတ်မှတ်ထားခြင်း မဟုတ်ပေမယ့် လူ့လောကကြီးတွင် နေလျှင်လိုက်နာနေကြရသည့်စည်းကမ်းများ… တစ်ခါတစ်လေ လူတွေက ရှေ့တွင်တော့ တစ်မျိုး နောက်ကွယ်တွင် တစ်မျိုး ပြောနေတတ် ကြသည်။ ကိုယ်ကြည့်မရသည့် လူတွေကိုလည်း လူမှုရေးကြောင့် ဟုဆိုကာ ပြုံးရယ်ပြ နေကြရသည်။
ကဲ…ဘယ်မှာလဲ အမှန်တရားတွေ.. လူမှန်ရင်လိမ်လည်ပြီးနေတတ်ရသည်ဟုပြောရမလိုပင်…
တစ်ခါတစ်ရံ လူတွေနှင့်ဝေးရာသို့ထွက်သွားလိုက်ချင်သည်။ မျက်နှာဖုံးတပ်ကာနေ နေရသည့်ဘ၀မှ
ဝေးရာသို့..
ကိုယ်တစ်ယောက်တည်း …
ရယ်ချင်ရယ် …..
ငိုချင်ငို………
ကချင်က……
လုပ်ချင်တာတွေကို ဘယ်သူ့ကိုမှဂရုမစိုက်ပဲလုပ်နိုင်သည့်နေရာသို့သွားလိုက်ချင်သည်။
အတင်းပြောကြမည့်လူမရှိ…
မေးငေါ့ကြမည့်လူမရှိ…
အရူးလို့ပြောမည့်လူမရှိသည့်နေရာသို့………………………………….................
5 years ago
No comments:
Post a Comment