5 years ago
Sunday, September 28, 2008
အကျင့်ဆိုး
ကျွန်ုပ်တို့တစ်တွေ၌ အကျင့်ဆိုးတစ်ခုရှိသည်။ ယင်းသည်ကား အကြောင်းတစ်ခုခုကို စုံစုံလင်လင် မသိခင် ကိုယ်ထင်ရာ ဆုံးဖြတ်ချက်ချလိုက်ခြင်းပင်ဖြစ်သည်။ ဆုံးဖြတ်ချက်ကို အရင်ဆုံးချပြီးမှ ထိုဆုံးဖြတ်ချက်ကို ထောက်ပံ့ မည့် အချက်အလက်များကို သာရှာဖွေစုံစမ်းလေသည်။ ထိုဆုံးဖြတ်ချက်ကို မှားသည်ဟု ညွန်ပြမည့် အချက်များကို မူမည်မျှပင် ထင်ရှားစေဦးတော့ ပစ်ပယ်၍ (ငါ့စကားနွားရ) သဘောမျိုး ထားတတ်သည်။ အကယ်၍သာ အကြောင်း တစ်ခုခုကို အချက်အလက် အစုံအလင် သိပြီးမှ ဆုံးဖြတ်ချက်ချလျှင် ပူပန်စရာလည်းမလို မှားစရာအကြောင်းလမ်း လည်းမရှိ ပြသာနာသည် သူ့ဘာသာသူ ဖြေရှင်းပြီးသားဖြစ်တတ်ပေသည်။
Posted by နှင်းဆီဖြူ
YinTwinPhwintSaKar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment