Wednesday, September 24, 2008

လူနှင့်ကြိုး(ဂျူး မျက်နှာဖုံးများအကြောင်း)

စာရေးဆရာမဂျူးရဲ့မျက်နှာဖုံးများအကြောင်းရုပ်ရှင်ခံစားမူ ဆောင်းပါးများ ၃ မှရင်ထဲ ထိရှခံစား ရင်းတွင်းက စကားတစ်ရပ်အနေနဲ့တင်လိုက်တယ်နော်။ သူငယ်ချင်းတို့ကရောဘယ်လိုကြိုးလေးလဲ။
ကမ္ကာလောကမှာ တွယ်ငြိစရာကောင်းသောအရာ လှပသောအရာ အဖိုးထိုက်တန်သောအရာ များစွာရှိသည်။ ထို့အတူ လူတစ်ယောက်မွေးဖွားသည်မှအစပြု၍ ကြီးပြင်းအိုမင်းသည်အထိ သူ့ပတ်ဝန်းကျင်မှာ တွေ့ဆုံတယ်တာ ရသော ချစ်ခင်သူ မိတ်ဆွေ ရဲဘော်တွေလည်း မရေတွက်နှိင်အောင် ရှိသည်။ ထို့ကြောင့်ပင် ထိုကမ္ကာလောကကို ထိုသူသည် တွယ်ငြိစွာ ဆုပ်ကိုင်ပိုင်ဆိုင်လိုစိတ်တွေ များလိမ့်မည်ဟု ကျွန်မထင်၏။ လူတွေသည် သူတို့မြတ်နှိး တွယ်တာသော သက်ရှိ သက်မဲ့တို့မှခွဲခွာ၍ သေဆုံး ပျောက်ကွယ်သွားဖို့ တော်တော်ထိတ်လန့် တုန်လူပ်ကြမည် ထင်၏။
လူတစ်ယောက် လောကထဲမှ ထွက်ခွာမသွားနှိင်အောင် သူ့ကိုလောကနှင့် သို့မဟုတ် ဘ၀နှင့်ရစ်ငင် ချည်နှောင်ထားသည့်ကြိုးတွေ အများကြီးရှိလိမ့်မည် ဆိုသည့်အတွေးသည် ကျွန်မ အသက်ရွယ်ရသည့်အခါ တဖြည်းဖြည်းေ၀၀ါးစ ပြုလာပြီးတစ်ခါတစ်ခါ ကြိုးဟုထင်ရသောအရာတွေသည် ကြိုးများမဟုတ်ကြ။ အနည်းငယ် မျှပင် ရစ်ချည်နှောင်ဖွဲ့မပေးနှိင်ကြ။
ကျွန်မတို့နှင့် နီးစပ်ပတ်သက်သော ၀မ်းနည်းစရာအဖြစ် တစ်ခုရှိသည်။ ဆရာမြို့မငြိမ်း၏ ထူးဆန်းသာသေဆုံး မူဖြစ်ပါသည်။ မြို့မငြိမ်း၏ သီချင်းများကိုစိတ်လို လက်ရတမ်းတစွာ နားထောင်မိသည့်အခါ မြို့မငြိမ်းသေဆုံးပစ် လိုက်ခြင်းကိုပြန်လည် သတိရလာတတ်သည်။ အသက်ရွယ်ကောင်းတုန်း အနုပညာတွေ ဖန်တီးဝေငှလို့ ကောင်းတုန်း သူဗြုန်းကနဲသေပစ်သည်။
သူ့မှာချစ်လှစွာသောဇနီးရှိသည်။ ချစ်စွာသောသား သမီးများရှိသည် မိတ်ဆွေ ရဲဘော်ဟု ယူဆရသူများစွာ ရှိဦးမည်။ တကယ်တော့သား သမီးဆိုတာလည်း လောကနှင့်လူတစ်ယောက်အကြား ဆက်သွယ် ချည်နှောင် ဖို့ခိုင်မြဲသည့်ကြိုး ဖြစ်ချင်မှဖြစ်တတ်သည်။ သည်ထက်မက ခိုင်မြဲမြံဖို့ လိုချင်လိုလိမ့်မည်။ သို့မဟုတ် မထင်မှတ် သည့်မိတ်ဆွေတစ်ယောက်က မထင်မှတ်သည့်အရာတစ်ခုက သူ့အတွက် ကြိုးဖြစ်ချင်ဖြစ်သွားနှိင်သည်။ ယခုတော့ ကျွန်မအရာရာကို သံသယဖြစ်စပြုလာပါပြီ။
ဟောဒီလောကကြီးမှာသူတစ်ယောက်တော့ ရှိသေးတယ်။ ငါသေလို့မဖြစ် သေးဘူး ဟူသည့် နောက်ဆံတင်း အတွေးမျိုးဖြင့်တုတ်နှောင်ရစ်ငင်မည့်ကြိုး(သို့မဟုတ်) ဟောဒီလောကကြီးမှာငါ့ကို မျှဝေခံစားအားပေးနေမယ့် သူရှိနေသမျှ ငါသေဆုံးစရာမလိုဘူး ဟူသည့် ကျေနပ်အားတတ်မူ့အတွေးမျိုးဖြင့် တုတ်နှောင်ရစ် ငင်မည့်ကြိုး
များများမလိုပါ။ ကြိုးကလေးတစ်ချောင်းသာ လိုသည်။ ထိုကြိုးတစ်ချောင်းက လူနှင့် လောကကို ခိုင်မာ တင်းကျပ်စွာ ရစ်နှောင် ပေးနှိင်ပါသည်။
ဒါ့အပြင်ကျွန်မမှာရောလောက်ကနှင့် တွယ်ငြိစရာ ဘာကြိုးတွေ ရှိပါသလဲ။ ထို့ထက်ပို၍ စိတ်ဝင်စားစရာက ကျွန်မသည် မည်သူ့အတွက် ကြိုးတစ်ချောင်းဖြစ်နှိင်လေမလဲ။ မည်သူ နှင့် လောက ကို ခိုင်မြဲအောင် ကျွန်မ ကြောင့်ရစ်ပတ်ဖွဲ့နှောင်လေမလဲ။ မကြာခဏတွေးပြီး ဘယ်တော့မှ အဖြေမသေချာသေးပါ။



No comments:

Post a Comment