Saturday, September 6, 2008

စိတ်တိုးတတ်ရေးအသင်း၏ အကြံပြုချက်များ

  1. ကိုယ်သိတဲ့အတိုင်းပဲ ဆက်လုပ်ပါ။ ခံစားတွေးတောမူ့တွေကို မလိုက်လျောပါနဲ့။ တွေးတောပူပန် ကြောက်ရွိ့ မူမှန်သမျှ မသေချာတာက များပါတယ်။ အဖြစ်မှန်နဲ့ ကင်းကွာပြီး စိတ်ကူးနဲ့ ထင်ကြေးတွေပဲ ဖြစ်နေတတ် ပါတယ်။ ဘယ်တော့မှ ခံစားချက်တွေကို ပိုမတွက်ပါနဲ့။ (ပင်ပန်းလိုက်တာ လောကကြီးမှာ နေတောင် မနေချင်တော့ဘူး) လို့သည်းတတ်ကြပေမဲ့ ဒါထက်ပိုပြီး ဘာမှဖြစ်မလာတတ်တာ မျက်မြင်လောကမှာ အများကြီးတွေ့ဖူးပါလိမ့်မယ်။
  2. တွေးခေါ်မူနဲ့ စဉ်းစားဆင်ခြင်မူကို တိုးတတ်ဖွံ့ဖြိုးအောင် ဆောင်ရွက်နေထိုင်ပါ။ ပစ္စုပန်မှာ ရိုးရိုးသားသား နေဖို့ကြိုးစားပါ။ ကိုယ့်ဘ၀နှိင်နင်းအောင် ဦးဆောင်လာနှိင်တာနဲ့ ပြသာနာတွေ အခက်အခဲတွေ နောက်ဆုတ် သွားပါလိမ့်မယ်။
  3. ကိုယ့်စိတ်ကို ပြုပြင်ပြီး လူတိုင်းအပေါ် ချစ်ခင်နှိင်အောင် ကြိုးစားပါ။ သင့်မိသားစု သင့်ပတ်ဝန်းကျင် သင့်လုပ်ငန်းခွင်မှာ နွေးထွေးမူနဲ့ မေတ္တာတရားများ လွှမ်းခြုံနေပါစေ။ ကိုယ့်အတွေးနဲ့ကိုယ် မြုပ်နှံ မနေပါနှင့်။ တခြားသူတွေနဲ့ ရောရော နှောနှောနေပါ။
  4. မခံမရပ်နှိင်တဲ့ ပြသာနာတွေကို ခေါင်းထဲက ထုတ်လိုက်ပါ။ ပျော်စရာလေးတွေ တွေးပြီး တွေးနေစမ်းပါ။
  5. လူမူရေးမှာ လိုက်လျောညီထွေ ဆက်ဆံတတ်ပါစေ။ မိမိရဲ့ ထင်မြင်ချက်တွေနဲ့ မဆက်ဆံပါနဲ့။ ပြုံးရင် ပြုံးတယ်လို့ပဲ မှတ်ပြီး အပြုံးနဲ့တုန့်ပြန်ပါ။ ပြုံးတာကို လှောင်တယ်လို့ တလွဲမတွေးပါနဲ့။ သူ့ဘက်က ဘယ်လိုပဲ ဖြစ်နေနေ၊ ကိုယ့်ဘက်က ကောင်းတဲ့ဘက်က တွေးပြီး ခံယူပါ။
  6. ခံစားချက်တွေကို နေရာတကာ ဖွင့်အန်မပြပါနဲ့။ ဒီလို ဖွင့်ဟထုတ်ဖော်ခြင်းဟာ စိတ်သက်သာမူ့ ရစေတယ်ဆိုတဲ့ စိတ်ပညာရှင် တစ်ချို့ရဲ့ အယူအဆကို တစ်ယူသန် မလိုက်နာပါနဲ့။ တစ်ခါ တစ်ရံ ပညာရှင် တွေရဲ့ အကြံပြုချက်ဟာ ကိုယ့်အတွက် လွဲချော်တတ်ပါသေးတယ်။
  7. ခံစားမူမှန်သမျှကို အမြဲတမ်း မျိုသိပ်ရမယ်လို့ မဆိုလိုပါ။ ပြင်းထန်ပြီး မိမိကို ထိခိုက်စေမယ့် အန္တရာယ် ရှိတဲ့ ခံစားမူ့မျိုးကိုသာ ပြုပြင်ဖို့ကြိုးစားပါ။ သာမန်အချိန်တွေမှာ သာမန်လူလိုပဲ ပျော်ရွှင်ပါ။ခံစားပါ။
  8. ကိုယ့်ဘ၀ကိုယ်တာဝန်ယူပါ။ကောင်းကောင်း ဆိုးဆိုး ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့။ ကိုယ့်ဘ၀ရဲ့ ပဲ့ကိုင်ဟာ ကိုယ်ပဲဖြစ်တယ်လို့ ခံယူပါ။
  9. လူ့အဖွဲ့အစည်းထဲက လူတစ်ယောက်အနေနဲ့ လူအများစုနဲ့ ကင်းကင်းရှင်းရှင်း ကြီးမနေမိအောင် သတိထားပါ။ ကိုယ့်မှာရှိတဲ့ ဒုက္ခမျိုး လူတိုင်းမှာလည်း ရှိနှိင်တယ်ဆိုတာ သဘောပေါက်ပါ။ ၀မ်းနည်း ပူဆွေး စိုးရိမ် စိတ်ညစ် စတဲ့ဒုက္ခတွေဟာ လူတိုင်းနဲ့ မကင်းဘူး ဆိုတာမှတ်ထားပါ။
ဒုက္ခနဲ့ ခံစားမူဆိုတာ လူတိုင်းမှာ ရှိနေတတ်ကြပြီး ဆင်းရဲ ချမ်းသာ မရွေး အယုတ်အလတ် အမြတ်မရွေး တစ်ချိန်မဟုတ် တစ်ချိန်မှာ သူ့အတိုင်းတာနဲ့သူ ခံစားရတာပဲဖြစ်ပါတယ်။ ဒီခံစားမူတွေကို လူတိုင်းက ကျော်လွန်နှိင်သလို ကိုယ်တိုင်လည်း ကျော်လွန်နှိင်ပါတယ်။

No comments:

Post a Comment